မွမ်​ဘိုင်း​အကြမ်း​ဖက်​သ​မား​အား​ ​​သေ​ဒဏ်​ ချ​မှတ်​ခြင်း​အား​ ​အိ​န္ဒိ​ယ​​ သ​တင်း​စာ​များ​ ​ကောင်း​ချီး​ပေး

alt

မွမ်​ဘိုင်း​ အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​မှု​ကြီး​၏​ ​တ​ရား​ခံ​ ဖြစ်​သူ​ ​မို​ဟာ​မက်​ အက်​ဂျ​မာ​အ​မာ​ ​ကာ​ဆက်​အား​ ​သေ​ဒဏ်​ ချ​မှတ်​လိုက်​ခြင်း​နှင့်​ ​ပတ်​သက်​ပြီး​ အိ​န္ဒိ​ယ​ ​သ​တင်း​စာ​များ​က​ ​အ​ကြီး​အ​ကျယ်​ ​ကောင်း​ချီး​ပေး​ ​ရေး​သား​ခဲ့​ကြ​သည်​။​

(​၂၀၀၈)​ခု​နှစ်​ကုန်​ပိုင်း​က​ ​အိ​န္ဒိ​ယ​၏​ ​စီး​ပွား​ရေး​ ​အ​ချက်​အ​ခြာ​ ​မြို့​တော်​ကြီး​ ​မွမ်​ဘိုင်း​သို့​ ရည်​ရွယ်​ချက်​ရှိ​ရှိ​ ​၀င်​ရောက်​အ​ကြမ်း​ဖက်​ ​တိုက်​ခိုက်​ခဲ့​သည့်​ ​သေ​နတ်​သ​မား​ (​၁၀)ဦး​အ​နက်​ ​ကာ​ဆက်​သည်​ ​တစ်ဦး​တည်း​သော​ ​အ​ရှင်​ဖမ်း​မိ​သူ​ဖြစ်​သည်​။​ ​ယ​ခု​သီ​တင်း​ပါတ်​အ​တွင်း​ ​အိ​န္ဒိ​ယ​ ​တ​ရား​ရုံး​တစ်​ခု​က​ ​ အ​သက်(​၂၂)​နှစ်​အ​ရွယ်​ ​ကာ​ဆက်​အား​ စွဲ​ချက်(​၄)​ခု​တွင်​ ​အ​ပြစ်​ရှိ​ကြောင်း​ ​ ဆုံး​ဖြတ်​ခဲ့​ပြီး​ ​ကြိုး​ပေး​သတ်​ရန်​ ​အ​မိန့်​ချ​ခဲ့​သည်​။​ Times​ of​ Indiaသ​တင်း​စာ​ကြီး​က​ ​ယင်း​သ​တင်း​အား​ Death​ for​ Kasab​ဟု​ ​ခေါင်း​ကြီး​တွင်​တင်​ကာ​ ​ရေး​သား​ဖော်​ပြ​ခဲ့​သည်​။​ Indian​ Express​နှင့်​ Hindustan​ ​သ​တင်း​စာ​များ​က​လည်း​ အ​သက်(​၂၂)​နှစ်​အ​ရွယ်​ ပါ​က​စ္စ​တန်​နိုင်ငံ​သား​ ကာဆက်​နှင့်​ ​အ​ပေါင်း​အ​ပါ​ ​တစ်​စု​တို့​၏​ ​ပစ်​ခတ်​တိုက်​ခိုက်​မှု​ကြောင့်​ ​လူ​ပေါင်း(​၁၆၆)ဦး​ ​သေ​ဆုံး​ခဲ့​ခြင်း​အား​ ​ပြန်​ပြောင်း​ဖော်​ပြ​ခဲ့​သည်​။​

​အိ​န္ဒိ​ယ​ ​တ​ရား​ရေး​ဌာ​န​ ​တာ​ဝန်​ရှိ​သူ​တစ်ဦးက​ ​လူ​အ​ချို့​သည်​ ​ကာ​ဆက်​အ​တွက်​ ​သေ​ဒဏ်​ချ​မှတ်​ခြင်း​အား​ ​ကန့်​ကွက်​မှု​များ​ ​ပြု​လုပ်​ခဲ့​သော်​လည်း​ ​အ​များ​စု​က​ ​ထောက်​ခံ​ခဲ့​သည်​ဟု​ ​သ​တင်း​ထောက်​များ​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​ကာ​ဆက်​သည်​ AK-47​ ​သေ​နတ်​တစ်​လက်​ဖြင့်​ ​လူ​အ​များ​အား​ ​လိုက်​လံ​ပစ်​ခတ်​နေ​ကြောင်း​ ​ဘူ​တာ​ရုံ​ ​လုံ​ခြံု​ရေး​ ​ကင်​မ​ရာ​ ​မှတ်​တမ်း​တစ်​ခု​တွင်​ ​တွေ့​ရှိ​နိုင်​သည်​။​ ၎င်း​သည်​ ​လူ​ပေါင်း(​၅၀)​ထက်​မ​နည်း​အား​ ​တစ်ဦး​တည်း​ သတ်​ဖြတ်​ခဲ့​ကြောင်း​လည်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here