ထိုင်ဝမ်​တွင်​ ​တ​ရုတ်​နိုင်ငံ​၏​ ​ပ​ထ​မ​ဆုံး​ ​အ​ခြေ​စိုက်​ရုံး​ ​စ​တင်​ဖွင့်​လှစ်

alt

မေလ (၇)ရက် နေ့က တရုတ် နိုင်ငံ သည် ထိုင်ဝမ်တွင် ပထမဆုံး အခြေစိုက် ရုံးငယ်တခု စတင်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးမှာ တရုတ်နိုင်ငံ ခရီးသွား အဖွဲ့မှ ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး တရုတ်နှင့် ထိုင်ဝမ်ကြား အပြန် အလှန် ခရီးသွားသူ ဦးရေ တိုးတက် လာစေရေး ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံရေးအရ ခါးသီးမုန်းတီးသည့် နိုင်ငံများအဖြစ် ရပ်တည်နေသော တရုတ်နှင့်ထိုင်ဝမ် ဆက်ဆံရေး အနည်းငယ် ကောင်းမွန်လာသည်ကို ယခုရုံး ဖွင့်လှစ်နိုင်ခြင်းက ပြသနေသည်။

ထိုင်ပေ မြို့တော်ရှိ ဂရင်းဟိုတယ်တွင် အဆိုပါ ရုံးခန်းအား ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ တရုတ်နှင့် ထိုင်ဝမ်ကြား အပြန်အလှန် ခရီးသွားဧည့်သည်များ တိုးပွားများပြား လာစေရန် မိမိတို့ ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ကြောင်း ထိုရုံးအဖွဲ့က ကြေညာသည်။ ထို မတိုင်မီ (၃)ရက် အလိုက ထိုင်ဝမ်သည် တရုတ်နိုင်ငံ၊ ဘေဂျင်း မြို့တော်တွင် ရုံးခန်းတခု ဖွင့်လှစ်မည်ဟု ကြေညာခဲ့ပြီး ယင်းသည် (၁၉၄၉)ခုနှစ်၊ ပြည်တွင်း စစ်ပွဲနောက်ပိုင်း နှစ်နိုင်ငံ အပြန်အလှန် ရုံးဖွင့်ရန် ပထမဆုံး ခြေလှမ်း ဖြစ်လာခဲ့သည်။

စစ်တမ်းများ အရ (၂၀၀၈)ခုနှစ် နောက်ပိုင်း၊ တရုတ်နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည် တသန်း ကျော်မျှ ထိုင်ဝမ်သို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here