မြောက်​ကို​ရီး​ယားနှင့်​တ​ရုတ်​ ​သ​မ္မ​တ​နှစ်ဦး​တွေ့​ဆုံ​​ ဆွေး​နွေး

alt

မြောက်​ကို​ရီး​ယား​ ​သ​မ္မ​တ​ ​ကင်​ဂျံု​အီအား​ ​တ​ရုတ်​သ​မ္မ​တ​ ​ဟူ​ကျင်​တောင်​က​ ​မေ​လ(​၇)​ရက်​နေ့​တွင်​ ​ဘေ​ဂျင်း​မြို့​တော်​၌​ ​လက်​ခံ​တွေ့​ဆုံ​ခဲ့​သည်​။​ ​ကင်​သည်​ ​သ​မ္မ​တ​ဟူ​နှင့်​ ​မ​တွေ့​ဆုံ​မီ​ ဝန်​ကြီး​ချုပ်​ ​ဝမ်​ကျား​ပေါင်​နှင့်​လည်း​ ​ဆွေး​နွေး​မှူ​များ​ ​ပြု​လုပ်​ခဲ့​သေး​သည်​။​

​ဟူ​နှင့်​ကင်​တို့​သည်​ ​မြောက်​ကို​ရီး​ယား​ ​နယ်​စပ်​အ​နီး​ရှိ​ ​ယူ​ရှူး​မှ​ င​လျင်​ဒဏ်​ခံ​ ​ဒု​က္ခ​သည်​များအ​တွက်​ ​ကူ​ညီ​ ထောက်​ပံ့​မှု​များ​ ​ပြု​လုပ်​ရာ​တွင်​ ​မြောက်​ ကို​ရီး​ယား​က​လည်း​ ​တက်​တက်​ကြွ​ကြွ​ ​ပါ​၀င်​ရန်​ ​သ​ဘော​တူ​ညီ​မှု​ရ​ရှိ​ခဲ့​သည်​။​ ​ကင်​သည်​ ​တ​ရား​၀င်​ ​ကြေ​ညာ​ချက်​ ​ထုတ်​ပြန်​ခြင်း​ ​မ​ရှိ​သော​ ​နိုင်ငံ​ရပ်​ခြား​ ​ခ​ရီး​စဥ်​အ​ဖြစ်​ ​တ​ရုတ်​သို့​ ​မေ​လ(​၃)​ရက်​နေ့​က​ ​ရ​ထား​ဖြင့်​ ​ရောက်​ရှိ​လာ​ခဲ့​ပြီး​ ​မေ​လ(​၇)​ရက်​ထိ​ ​နေ​ထိုင်​ဖွယ်​ရှိ​ကြောင်း​ ​သိ​ရ​သည်​။​ ​ကင်​သည်​ ​တ​ရုတ်​သ​မ္မ​တ​ ​ဝန်​ကြီး​ချုပ်​တို့​အ​ပြင်​ ​တ​ရုတ်​ပြည်​သူ့​ ​ကွန်​မြူ​နစ်​ပါ​တီ​ ​နိုင်ငံ​ရေး​ဗျူ​ရို​ ​ဗ​ဟို​ကော်​မ​တီ​ ​အ​ကြီး​အ​ကဲ​ ​ဝူ​ဘန်​ဂူ​ကဲ့​သို့​ ​တ​ရုတ်​အ​စိုး​ရ​ ​ထိပ်​တန်း​ပု​ဂ္ဂိုလ်​များနှင့်​လည်း​ ​တွေ့​ဆုံ​ခဲ့​သေး​သည်​။​

သ​မ္မ​တ​ဟူ​က​ ​ကင်​နှင့်​တွေ့​ဆုံ​စဥ်​ ​တ​ရုတ်​နိုင်ငံ​အ​နေ​နှင့်​ ​မြောက်​ကို​ရီး​ယား​အား​ ​အ​စဥ်​သ​ဖြင့်​ ​နိုင်ငံ​ရေး​ ​အ​ကူ​အ​ညီ​ ​ပေး​သွား​မည်​ဟု​လည်း​ ​ကင်​အား​ ​ပြော​ကြား​ခဲ့​သည်​။​ ​သ​တင်း​များ​အ​ရ​ ​တ​ရုတ်​သ​မ္မ​တ​ ​ဟူ​သည်​လည်း​ ​မြောက်​ကို​ရီး​ယား​သို့​ အ​ပြန်​အ​လှန်​ ​အ​လည်​အ​ပတ်​ ​သွား​ရောက်​ဖွယ်​ ​ရှိ​နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here