​​န​ယူး​ယောက်​တွင်​ ​ဗုံး​ခွဲရန်​ ​ကြိုး​ပမ်း​ခဲ့​သူ​မှာ​ ​ပါ​က​စ္စ​တန်​​ တာ​လီ​ဘန်​တို့​နှင့်​ ​မ​ပတ်​သက်​

alt

ပါ​က​စ္စ​တန်​ ​တာ​လီ​ဘန်​တပ်​ဖွဲ့​များ​က​ ​န​ယူး​ယောက်​တွင်​ ​ဗုံး​ထောင်​ရန်​ ​ကြိုး​ပမ်း​ခဲ့​သည်​ဆို​သော​ ​သ​တင်း​များ​အား​ ​ငြင်း​ဆန်​လိုက်​သည်​။​ ​ပါ​က​စ္စ​တန်​ ​အ​ခြေ​စိုက်​ တာ​ရီ​အီ​တာ​လီ​ဘန်​ ​(TTP)အ​ဖွဲ့​က​ ​ဖိုင်​ဆယ်​ရှာ​ဇက်​၏​ ​

နောက်​ကွယ်​တွင်​ ​မိ​မိ​တို့​ ​ရှိ​နေ​သည်​ဆို​သော​ ​ခန့်​မှန်း​ချက်​များ​အား​ ​ပယ်​ချ​ထား​ကြောင်း​ ​သိ​ရ​သည်​။​ ယင်း​တို့​က​ ​ဖိုင်​ဆယ်​အား​ ​လုံး​ဝ​မ​သိ​ခဲ့​ကြောင်း​နှင့်​ ​ယင်း​အား​ ​ဗုံး​နှင့်​ပတ်​သက်​သော​ ​သင်​ခန်း​စာ​များ​ ​ပို့​ချ​ခဲ့​ကြောင်း​ ​ခန့်​မှန်း​ပြော​ဆို​ချက်များ​မှာ​ ​မ​မှန်​ကြောင်း​ ​ငြင်း​ဆန်​ထား​သည်​။​ ​မူ​လ​က​ ​ပါ​က​စ္စ​တန်​ ​တာ​လီ​ဘန်​များ​ဟု​ ​မိ​မိ​ကိုယ်​ကိုယ်​ ​ကြေ​ညာ​ထား​သူ​များ​က​ ​မွတ်​ဆ​လင်​ ​ဝက်​ဆိုက်​တစ်​ခု​မှ​တ​ဆင့်​ ​န​ယူး​ယောက်​မြို့​တွင်​ ​ကား​ဗုံး​ထောင်​ရန်​ ​စီ​စဥ်​ခြင်း​သည်​ ​မိ​မိ​တို့​လက်​ရာ​ဖြစ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သော်​လည်း​ ​အ​မေ​ရိ​ကန်​ ​ထောက်​လှမ်း​ရေး​က​ ​ယင်း​မှာ​ ​မ​ဖြစ်​နိုင်​ကြောင်း​ ​ငြင်း​ဆန်​ထား​သည်​။​

​အ​သက်(​၃၀)​အ​ရွယ်​ရှိ​ပြီး​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​အ​ဖြစ်​ ​ခံ​ယူ​ထား​သည့်​ ​ပါ​က​စ္စ​တန်​လူ​မျိုး​ ​ဖိုင်​ဆယ်​သည်​ ​အ​ကြမ်း​ဖက်​ ​အ​ဖွဲ့​အ​စည်း​များ​နှင့်​ ​ဆက်​သွယ်​မှု​ ​ရှိ​နေ​သည်​ဆို​သော​ ​အ​ထောက်​အ​ထား​များ​ ​မ​တွေ့​ရ​ကြောင်း​လည်း​ FBI​က​ ​ပြော​ကြား​ထား​ပြီး​ ၎င်း​သည်​ ​တစ်​ကိုယ်​တော်​ ​လှုပ်​ရှား​ခဲ့​ခြင်း​ ဖြစ်​နိုင်​ကြောင်း​ ​သုံး​သပ်​ထား​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here