​အီ​တ​လီ​ နိုင်ငံ​တွင်​ ကွာ​ရှင်း​ ပြတ်​စဲ​မှု​​ ပွဲ​တော်​ကျင်း​ပ

alt

အီ​တ​လီ​ နိုင်ငံ​၏ ​ပ​ထ​မ​ဆုံး​ အ​ကြိမ်​ အဖြစ်​ ​ကွာ​ရှင်း​မှု​ ​ပွဲ​တော်​ကို​ ​ကျင်း​ပ​ပြု​လုပ်​မည်​ ဖြစ်ကြောင်း​ ​သိ​ရ​သည်​။​ ယင်း​ ပွဲ​တော်​သည်​ ​ကွာ​ရှင်း​ပြတ်​စဲ​ထား​သူ​များ​ အ​တွက်​ ​ရည်​ရွယ်​ပြု​လုပ်​ပေး​ခြင်း​ဖြစ်​ပြီး​ ​

ဘ​ဝ​အ​တွက်​ ​လို​အပ်​သော​ ​အ​ကြံ​ပေး​ ​ဝန်​ဆောင်​မှု​များ​၊​ ​အ​လှ​အ​ပ​ ရေး​ရာ​များ​ကို​ ​ကူ​ညီ​ဆောင်​ရွက်​ ပေး​မည်​ဖြစ်​သည်​။​ အီ​တ​လီ​တွင်​ ​ကွာ​ရှင်း​မှု​ ​အ​ရေ​အ​တွက်​ ​တ​စ​ထက်​တ​စ​ ​တိုး​ပွား​ လာ​နေ​ခြင်း​ကြောင့်​ ​ယ​ခု​ပွဲ​ကို​ ​ဖန်​တီး​ပေး​ခြင်း​ ဖြစ်​ကြောင်း​ ​စီ​စဥ်​သူ​များ​က​ဆို​သည်​။​ ​ကွာ​ရှင်း​ထား​သူ​ များ​အ​တွက်​ ​လတ်​ဆတ်​ တက်​ကြွ​သော​ ​ဘ​ဝ​သစ်​ တ​ခု​ကို​ ​ယ​ခု​ပွဲ​က​ ​ပေး​စွမ်း နိုင်​လိမ့်​မည်​ဟု​ ​ယင်း​ပွဲ​အား​ ​အ​ဓိ​က​ ​စီ​စဥ်​ခဲ့​သည့်​ ​ဖ​ရန်​ကို​ဇ​နက်​တီ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​အီ​တ​လီ​၏​ ​ပ​ထ​မ​ဆုံး​ ကွာ​ရှင်း​ပြတ်​စဲ​ ​ပွဲ​တော်​အား​ ​မီ​လန်​မြို့​တွင်​ ​မေ​လ(​၈)​ရက်​နှင့်​ (​၉)​ရက်​များ​အ​တွင်း​ ​ကျင်း​ပ​ပြု​လုပ်​ သွား​မည်​ဖြစ်​သည်​။​ ​ယင်း​ကဲ့​သို့​သော​ ​ပွဲ​တော်​မျိုး​ကို​ ​အ​ခြားဥ​ရော​ပ​ ​နိုင်ငံ​အ​ချို့​နှင့်​ အ​မေ​ရိ​ကန်​ တို့​တွင်​လည်း​ ​အ​စ​ပြု​ ​ကျင်း​ပ​ခဲ့​ဖူး​ပြီး​ ​ကွာ​ရှင်း​ ပြတ်​စဲ​လု​လု​ ​အိမ်​ထောင်​ရေး​များ​ကို​ ​ပြန်​လည်​အ​ဖတ်​ဆယ်​ ​ကယ်​တင်​ ပေး​နိုင်​ရန်​လည်း​ ​ရည်​ရွယ်​ဆောင်​ရွက်​ထား​သည်​။

​အီ​တ​လီ​တွင်​ ​ကွာ​ရှင်း​မှု​ ​အ​ရေ​အ​တွက်​ ​တ​စ​ထက်​တ​စ​ ​မြင့်​တက်​လာ​ပြီး​ (​၂၀၀၇)​ခု​နှစ်​က​ ​စုံ​တွဲ​ပေါင်း​ (​၁၃၀၀၀၀)​ကျော်​ ​လမ်း​ခွဲ​ခဲ့​ကြ​ရာ​ ​ထို​မ​တိုင်​မီ​ ​တ​နှစ်​ထက်​ (​၃)​ရာ​ခိုင်​နှူန်း​ ​တက်​လာ​ခဲ့​သည်​။​ ​ထို့​အ​ပြင်​ ​အီ​တ​လီ​တွင်​ ​တစ်​နှစ်​အ​တွင်း​ ​လက်​ထပ်​သည့်​ ​စုံ​တွဲ​ အ​ရေ​အ​တွက်​သည်​ (​၁၉၇၂)​ခု​နှစ်​နှင့်​ ​နှိုင်း​ယှဥ်​ပါ​က​ (​၂၀၀၈)​ခု​နှစ်​တွင်​ ​ထက်​ဝက်​မျှ​ ​လျော့​ကျ​လာ​ပြီး​ ​စု​စု​ပေါင်း​ (​၂၄၆၀၀၀)​ ဝန်း​ကျင်​သာ​ ​ရှိ​တော့​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here