ဆီးကြိတ်ကင်ဆာ တိုက်ဖျက် နိုင်မည့် နည်းလမ်းသစ်

alt

ဆီးကြိတ် ကင်ဆာကို တိုက်ဖျက် နိုင်မည့် နည်းလမ်းသစ် တခုအဖြစ် လူ့ ခန္ဓာကိုယ်မှ သဘာဝ အတိုင်း ရှိနေသော ကိုယ်ခံအားကို သုံးစွဲရန် ပညာရှင်များက စမ်းသပ်လျက်ရှိ သည်။

ယင်းသည် ဓာတ်ရောင်ခြည် ကုထုံး များထက် ဘေးထွက် ဆိုးကျိုး လျော့နည်းပြီး သိမ်မွေ့ ညင်သာသည့် နည်းလမ်း တခုအဖြစ် သုတေသီ များက ယူဆ နေကြသည်။ အမေရိကန် နိုင်ငံ၊ ဆီအက်တယ်ရှိ ဒန်ဒရွန်း ကော်ပိုရေးရှင်းမှ သုတေသီများက လူ့ ကိုယ်ခံအား စံနစ်ကို စမ်းသပ် အသုံးပြုထားသည့် ယင်းထိုးဆေးကို စမ်းသပ် ထိုးနှံပြီး (၄)လ အတွင်း ဆီးကြိတ် ကင်ဆာ ကာကွယ်ရေးနှင့် ပတ်သက်ပြီး သိသာ ထင်ရှားသော တိုးတက်မှုများ ရှိလာကြောင်း ပြောကြားခဲ့သည်။ Taxotere ဟု ယာယီ အမည် ပေးထားသော ယင်းဆေးသည် လူ့ခန္ဓာကိုယ်ရှိ အဖျက် ရောဂါများကို တိုက်ဖျက်သည့် ဆဲလ်များအား စမ်းသပ် ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်သည်။

ဒါနာဖာဘာ ကင်ဆာ လေ့လာရေးဌာနမှ ဒေါက်တာ ဖီးကန်တော့က ယခု နည်းလမ်းသည် အားရ ကျေနပ်ဖွယ် အခြေအနေတွင် ရှိနေသော်လည်း လူနာတဦး အတွက် ဒေါ်လာ တသိန်းမျှ ကုန်ကျမည့် အခြေအနေမှာမူ ပြဿနာတရပ် ဖြစ်လာနိုင်ကြောင်း ဝန်ခံခဲ့သည်။ ဆရာဝန် များက ယင်းဆေး၏ အာနိသင်မှာ (၅)နှစ်မှ (၁၀)နှစ်ထိ တည်ရှိနေရန် ကြိုးပမ်းနေပြီး ဆီးကြိတ် ကင်ဆာ တိုက်ဖျက်ရေးတွင် အစွမ်း အထက်ဆုံး နည်းလမ်းတခု ဖြစ်လာစေရန် မျှော်လင့်လျက် ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here