ကွယ်လွန်သူ နိုက်ဂျီးရီးယား သမ္မတ နေရာကို ဒုတိယ​ သမ္မတ​ ဆက်ခံ

alt

နိုက်ဂျီးရီးယား ဒုတိယ သမ္မတ ဂွတ်လပ် ဂျိုနသန်သည် ကွယ်လွန်သူ သမ္မတကြီး အူမာရူယာ အဒူအာ နေရာတွင် တာဝန် ထမ်းဆောင်ရန် မေလ (၆)ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆို လိုက်သည်။

အဒူအာသည် မေလ (၅)ရက်နေ့ ညပိုင်းက ကာလရှည်ကြာ ခံစား နေရသည့် နှလုံး ဝေဒနာကြောင့် ကွယ်လွန် သွားကြောင်း သိရသည်။ ယင်းသည် ကျန်းမာရေး အခြေအနေကြောင့် ပြီးခဲ့ သည့် (၅)လုံးလုံး သမ္မတ တာဝန်ကို မထမ်းဆောင်နိုင်ဘဲ ဂွတ်လပ်က နိုင်ငံ အုပ်ချုပ်ရေး တာဝန်ကို ယာယီ ယူထားရသည်။ အဒူအာအား မြှုပ်နှံသဂြင်္ိုဟ်မှု ပြုလုပ်ခဲ့သည့် မေလ (၆)ရက်နေ့တွင်ပင် ဂွတ်လပ်အား သမ္မတအဖြစ် တရားဝင် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့ကို နိုင်ငံတော် ကြေကွဲမှု အထိမ်းအမှတ် အဖြစ် သမ္မတသစ် ဂွတ်လပ်က ရုံးပိတ်ရက် သတ်မှတ် ပေးခဲ့သည်။

အဒူအာ ကျန်းမာရေး ယိုယွင်း နေစဉ် နိုင်ငံ အတွင်း ခရစ်ယာန်နှင့် မွတ်ဆလင်များကြား မုန်းတီး သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယာယီသမ္မတ အနေနှင့် ထိန်းသိမ်းနိုင်ရန် ခက်ခဲနေသော အခြေအနေ များကြောင့် ဂွတ်လပ်ကို လွှတ်တော်က အာဏာ လွှဲပြောင်း ပေးထားသော်လည်း ဆော်ဒီ အာရေဗျတွင် (၃)လမျှ ဆေးရုံ တက်နေရသည့် အဒူအာက တရားဝင် လက်မခံခဲ့ချေ။

ထို့ကြောင့်လည်း ဂွတ်လပ်သည် မေလ (၆)ရက်နေ့မှ တရားဝင် သမ္မတ ရာထူးကို ဆက်ခံ ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ နိုက်ဂျီးရီးယား အခြေခံ ဥပဒေအရ သမ္မတ ကွယ်လွန်ချိန်တွင် ကြားဖြတ် ရွေးကောက်ပွဲ ပြုလုပ်ရန် မလိုအပ်ဘဲ ဒုတိယ သမ္မတက ကျမ်းကျိန်ပြီး ရာထူး ဆက်ခံရန် ပြဌာန်းထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here