အတ္တလန္တစ် အာကာသ လွန်းပျံ ယာဉ် နောက်ဆုံး​ အကြိမ်​အဖြစ် လွှတ်တင်မည်

alt

နာဆာ အဖွဲ့ကြီးက အတ္တလန္တစ် လွန်းပျံယာဉ်ကို နောက်ဆုံးအကြိမ် လွှတ်တင်ရန် အဆင်သင့် ဖြစ်နေ ပြီဟု အတည်ပြုု ပြောကြားခဲ့သည်။

လာမည့် သီတင်းပါတ် အတွင်း အာကာသ ထဲ ပျံသန်းမည့် အတ္တလန္တစ် အား ယခုခရီးစဉ် အပြီး တွင် လုံးဝ အနားပေး လိုက်တော့မည် ဖြစ်သည်။ နာဆာက ယင်း လွန်းပျံယာဉ် ပစ်လွှတ်မည့်နေ့ကို မေလ (၁၄) ရက်နေ့အဖြစ် သတ်မှတ်ထားသည်။ (၁၂) ရက်ကြာ အာကာသထဲ ရောက်ရှိနေမည့် အတ္တလန္တစ်သည် ရုရှား သုတေသန စင်တာ တခုကို နိုင်ငံတကာ အာကာသစခန်း (ISS) နှင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

ယင်းသည် (၁၉၈၅)ခုနှစ်၊ အောက်တိုဘာလက စတင်ပျံသန်းခဲ့သည့် အတ္တလန္တစ်အတွက် (၃၂)ကြိမ်မြောက် အာကာသ ခရီးစဉ်ဖြစ်သည်။ အမေရိကန် သမ္မတ ဘာရက် အိုဘားမား က လာမည့် အနာဂတ်တွင် ပိုမို ခေတ်မီသော ဒုံးပျံယာဉ်များကို အာကာသ ခရီးစဉ်များ အတွက် သုံးစွဲ သွားတော့မည် ဖြစ်ကြောင်း အတည်ပြု ကြေညာထားသည်။

ယင်း စံနစ်သည် အာကာသအတွင်း လူသားများ နေထိုင်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေ စေမည်ဟု သိရသည်။ ထို့အပြင် အမေရိကန်သည် အာကာသ လေ့လာရေး ကဏ္ဍတွင် ခေါင်းဆောင်သဖွယ် ရပ်တည်နေမှုကို စွန့်လွှတ်ကာ အခြား နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ပြုလုပ် သွားရန်လည်း ကတိ ပေးထားပြီး ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here