ဂျက်ဆီကာ အယ်ဘာ ဒုတိယ မြောက်​ ကလေး ယူအုံးမည်

alt

ဟောလီးဝုဒ် မင်းသမီး ဂျက်ဆီကာ အယ်ဘာက သူမ အနေနှင့် ဒုတိယ မြောက် ကလေးယူရန် အသင့် ရှိနေပြီဟု ပြောကြားလိုက်သည်။

Fantastic Four​ မင်းသမီးက သမီးလေး ဟိုနာမာရီအား မွေးဖွားပြီး (၂)နှစ် အကြာတွင် ဒုတိယ ရင်သွေး အား ခင်ပွန်း ဖြစ်သူ ကက်ဝါရင်နှင့် အတူ မျှော်လင့်လျက် ရှိသည်။ အသက် (၂၉) နှစ်ရှိ ဂျက်ဆီကာက ကလေးငယ်များကို လူ့ဘဝထဲ ဆောင်ယူ လာခွင့် ရခြင်းသည် ပျော်စရာ ကောင်းကြောင်း၊ သူမရော ခင်ပွန်းသည်ပါ ဖြစ်နိုင်သမျှ ကလေး များများ လိုချင်ကြောင်း ပြောကြားခဲ့သည်။ ဂျက်ဆီကာသည် ယခင် ကတည်းကလည်း ကြီးမားသော မိသားစုကြီး တခုကို တည်ထောင်လိုကြောင်း မကြာခဏ ထုတ်ပြောလေ့ ရှိသည်။ သူမအနေနှင့် အနည်းဆုံး ကလေး (၃)ဦးခန့် ရှိလိုကြောင်းလည်း ဂျက်ဆီကာက ဆိုသည်။

သူမ၏ မိခင်ဖြစ်သူသည်လည်း ကြီးမားသော အိမ်ထောင်စုကြီး တခုကို တည်ထောင် ခဲ့ကြောင်း၊ သားသမီး များနှင့် သိုင်းဝိုင်း နေထိုင်ရသည့် ယင်းသို့သော ဘဝကို အလွန် သဘောကျကြောင်း ဂျက်ဆီကာက ပြောကြားလိုက်သည်။ သို့သော်လည်း ကလေး မွေးပြီးသည့် အခါ မိမိ ကိုယ်ကိုယ် ပိုမိုအိုမင်း သွားသည်ဆိုသော ခံစားချက်မှာမူ သိပ် မကောင်းကြောင်း သူမက အင်တာဗျူး တခုတွင် ရယ်ရယ်မောမော ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here