တရုတ်နိုင်ငံ မုန်တိုင်းဝင်ရောက်​ တိုက်ခတ်

alt

တရုတ်​ နိုင်ငံ ချွန်ကွင်း​ ဒေသတွင် ပြင်းထန်သော မုန်တိုင်း​ တစ်ခု ဝင်ရောက်​ တိုက်ခတ်သွားရာ ယခုအခါ စုစုပေါင်း သေဆုံးသူ​ ဦးရေ (၂၉)​ ဦးထိ မြင့်တက်​ လာပြီ​ ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြား​ ခဲ့သည်။

ပြင်းထန်သော မိုးများ​ ရွာသွန်းပြီး မြေပြိုမှုများ မေလ(၅)ရက်နေ့ ညပိုင်းက ဖြစ်ပွား​ ခဲ့ပြီးနောက် လူပေါင်း​ (၁၉၀)ကျော်မှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။ လီယန်ပင်း၊ ဒီယန်ဂျင်းနှင့် ဖူလင်းတို့တွင်လည်း ပြင်းထန်သော ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ဒီယန်ဂျင်းဒေသ တစ်ခုတည်းတွင်ပင် မုန်တိုင်းကြောင့် အိမ်ခြေ(၉၈၀) ပျက်စီးခဲ့ပြီး အဆောက်အအုံ (၁၀၀၀၀)ကျော်တွင် ထိခိုက်မှုများ ဖြစ်ပေါ်​ ခဲ့သည်။

တိုင်းတာမှုများ​ အရ ဒီယန်ဂျင်းတွင် အား​ အပြင်းဆုံး​ အဖြစ် တစ်နာရီ (၁၁၂)ကီလိုမီတာထိ လေဟုန်​ ပြင်းစွာ တိုက်ခတ်ခဲ့ပြီး (၂၄)နာရီ​ အတွင်း ရွာသွန်းသည့် မိုးရေချိန် (၁၅၇) မီလီ​ မီတာထိ ရှိခဲ့သည်။ ချွန်ကွင်း​ မြူနီစီပယ် အဖွဲ့က လက်တလောတွင် မုန်တိုင်း​ ဒဏ်သင့် ပြည်သူများ​ အတွက် ရွက်ဖျင်တဲ (၃၀၀)နှင့် အရေးပေါ်သုံး မီးအိမ်ပေါင်း (၁၀၀၀)ကို ထောက်ပံ့​ ထားသည်။ မုန်တိုင်း​ အတွင်း ထိခိုက်​ သေဆုံးသူ အရေအတွက် တိတိကျကျကိုမူ မဖော်ထုတ်နိုင်သေးကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here