မွမ်ဘိုင်း အကြမ်းဖက်မှု တရားခံ အား သေဒဏ်​ ချမှတ်

alt

မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်မှု ကြီး (၂၀၀၈) ခုနှစ် အတွင်းက ဖြစ်ပွား ခဲ့ပြီးနောက် တဦးတည်း အသက်ရှင် ကျန်ရစ်သည့် သေနတ် သမားအား ယခုအခါ သေဒဏ် ပေးလိုက်ပြီ ဖြစ်သည်။

လူပေါင်း (၁၆၆)ဦး သေဆုံး စေခဲ့သည့် ကြောက်စရာ အကြမ်း ဖက်မှုကြီး အတွင်း ဒဏ်ရာဖြင့် အဖမ်းခံရသည့် ပါကစ္စတန် နိုင်ငံသား မိုဟာမက် အက်ဂျမဲ ကာဆက်အား လူသတ်မှုဖြင့် ကြိုးပေး သတ်ရန် မေလ(၆)ရက်နေ့တွင် အိန္ဒိယ တရားရေး ဌာနက စီရင်ချက် ချလိုက် သည်။ ကာဆက်သည် မွမ်ဘိုင်းရှိ ဟိုတယ်ကြီး နှစ်ခု၊ ဆေးရုံနှင့် ဘူတာရုံ အပါအဝင် နေရာ အတော် များများအား ဝင်ရောက် တိုက်ခိုက်ကာ အပြစ်မဲ့ လူပေါင်းရာနှင့်ချီ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် အဖွဲ့သား (၁၀)ဦး အနက် အပါအဝင် ဖြစ်သည်။

ယင်းတို့သည် ပါကစ္စတန်တွင် လေ့ကျင့်ခဲ့ပြီး မွမ်ဘိုင်းသို့ (၂၀၀၈) ခုနှစ် နိုဝင်ဘာလက ရေလမ်းဖြင့် ဝင်ရောက် လာကာ ယခုလို တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ အထူးခုံရုံး တရားသူ ကြီး တီဟီလာရာနီက သေဒဏ်မှ လွဲပြီး ကာဆက်နှင့် ထိုက်တန်သော အရာ မရှိတော့ဟု ဆိုသည်။ တရားစွဲဆိုခြင်း ခံထားရသည် လူမဆန်သော၊ အလွန်ရက်စက် ကြမ်းကြုတ်သော သူ ဖြစ်ကြောင်း တရားသူကြီးက ပြောကြားခဲ့သည်။

သေဒဏ်ကို ဆန့်ကျင်သည့် လှုပ်ရှားသူများ ကမူ ကာဆက်၏ ဘဝသည် ရှင်လျက်နှင့် သေနေပြီ ဖြစ်ကြောင်း၊ ၎င်းအား ဆွဲကြိုးချ သတ်ရုံမျှဖြင့် နောက်ထပ် အကြမ်းဖက်သမား များအား တားဆီးနိုင်မည် မဟုတ်ကြောင်း အရေးဆို ကန့်ကွက်နေ ကြသည်။ တရားရုံး၏ စီရင်ချက်တွင် ကာဆက်ကို ဆွဲကြိုးချမည့် ကြိုးသည် အချင်း(၁) လက်မနှင့် အရှည် (၁၉)ပေ ရှိပြီး ခိုင်ခံ့စွာ ကျစ်ထားရမည်ဟု ပါရှိသည်။ ယင်း သတ်မှတ်ချက် အရ ပေါင်(၂၈၀) ထိ အလေးချိန် ရှိသူကို သုတ်သင်နိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here