မန်ယူအသင်းမှ ပက်ဂျီဆန်အား ဘိုင်ယန်မြူးနစ် ခေါ်ယူရန် စိတ်ဝင်စား

alt

မန်ချက်စတာ ယူနိုက်တက် အသင်းမှ တောင်ကိုရီးယား လက်ရွေးစင် ပက်ဂျီဆန် အား ဘိုင်ယန်မြူးနစ်က စိတ်ဝင်စား နေကြောင်း သိရသည်။ 

ကိုယ်လုံး အကိုယ်ထည် သေးကွေး သော်လည်း သန်မာပြီး အားတိုက် အင်တိုက် ကစားလေ့ရှိသည့် အသက် (၂၉)နှစ်​ အရွယ် တောင်ပံလူကို ဂျာမန် ကလပ် အသင်းကြီးက ဖရန့်ရီဘာရီ နေရာတွင် အစားထိုးရန် မျှော်လင့်နေသည်။ ရီဘာရီသည် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်တွင် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်နေသည့် ကလပ်အသင်းအား စွန့်ခွာတော့မည်ဟု သတင်းကြီး နေသည်။

ပက်သည် ယူနိုက်တက်နှင့် ထိပ်တန်း ကလပ်များဖြစ်သည့် အာဆင်နယ်၊ လီဗာပူး၊ ချဲလ်ဆီး၊ အေစီမီလန် စသော အသင်းကြီးများ တွေ့ဆုံစဉ်က ဂိုးများသွင်းယူ ပေးခဲ့ သော်လည်း အီကွေဒေါ လက်ရွေးစင် အန်တိုနီယို ဗလန်စီယာ၏ အရံအဖြစ်သာ ကစား နေရသည်။ ဘိုင်ယန်က (၂၀၀၅)ခုနှစ် အတွင်း ဟော်လန်ကလပ် PSV အင်ဒိုဗန်မှ ပေါင် (၄)သန်းဖြင့် ယူနိုက်တက်သို့ ရောက်ရှိလာသည့် ပက်အား ပေါင်(၇)သန်းဖြင့် ဝယ်ယူရန် စီစဉ်နေသည်။

ယူနိုက်တက်သည် ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ကွင်းလယ်နှင့် တောင်ပံလူများဖြစ်သော အဲဗာတန်မှ စတီဗင်ပီနာ၊ ဗလန်စီယာမှ ဒေးဗစ်ဆေးဗားနှင့် ပင်နီသီယာကော့မှ ဆိုထရစ်နီနင်တို့ကို စောင့်ကြည့်နေသော်လည်း ငွေကြေး အခြေအနေ ကြပ်တည်းမှုအချို့ ရှိနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here