ကမ္ဘာ့ အသက်အကြီးဆုံး ဂျပန် အမျိုးသမီးကြီး ကွယ်လွန်

alt

ကမ္ဘာ့ အသက် အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် စံချိန်တင် ထားသော ဂျပန် အမျိုးသမီးကြီးမှာ အသက် (၁၁၄)နှစ် အရွယ်တွင် ကွယ်လွန် သွားပြီ ဖြစ်သည်။

အဖွားအို ကာမာချီနန်သည် ဂင်းနစ် ကမ္ဘာ့ မှတ်တမ်း စာအုပ်တွင် အသက် အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ဖော်ပြ ခံထားရပြီး မေလ(၂) ရက်နေ့က အသက် (၁၁၄) နှစ်နှင့် (၃၅၇) ရက်တွင် ကွယ်လွန် သွားခဲ့သည်။

ဂင်းနစ် အဖွဲ့က အဖွားအို ကွယ်လွန်မှု ကို အတည်ပြု ကြေညာခဲ့ပြီး ယခုအခါ ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် ကာရေဘီယန် ဒေသရှိ ဂွာဒီလူပီ ကျွန်းလေးမှ အဖွားအို အူဂျီနီး ဘလန်ချက် အား အသိအမှတ် ပြုလိုက်သည်။ သူမ သည် (၁၈၉၆) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က မွေးဖွားခဲ့သောကြောင့် ယခုအခါတွင် အသက် (၁၁၄) နှစ် ကျော်လာပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here