လက်နှစ်ဖက်မရှိသော်လည်း တိုက်ကွမ်ဒိုတွင် ခါးပက်နက်ဘွဲ့ယူမည့် အမျိုးသမီး

alt

အသက်(၃၂)နှစ် အရွယ် အမေရိကန် အမျိုးသမီး တစ်ဦးသည် လက်နှစ်ဖက်လုံး မရှိသည့်တိုင် တိုက်ကွမ်ဒို အားကစားတွင် ခါးပတ်နက် စာမေးပွဲ ဖြေခွင့် ရတော့မည်ဟု သိရသည်။

ရှိုင်လာရက်ဇူဝစ်သည် မွေးကတည်းက လက်မောင်းရင်းမှ စကာ လက်နှစ်ဖက်လုံး မပါလာခဲ့ချေ။ သို့သော်လည်း မက်ဆာချူးဆက် ဒေသမှ အမျိုးသမီးသည် သူမ၏ မပြည့်စုံသော ဘဝ အတွက် အားငယ်ခြင်း မရှိဘဲ စိတ်ဓာတ် ခွန်အား ကြီးမားသူ တစ်ဦး ဖြစ်လာခဲ့သည်။ ရှိုင်လာအား တိုက်ကွမ်ဒို သင်ပေးသည့် သူမ၏ နည်းပြဆရာ ဘရွတ်မက်ကော်ရေးက ရှိုင်လာလောက် ဇွဲကောင်းသူမျိုး မမြင်ဖူးကြောင်း ချီးကျူး ပြောကြား ခဲ့သည်။ လွန်ခဲ့သော (၃)နှစ်က ကိုယ်ခံပညာကို စတင် သင်ယူခဲ့သည့် ရှိုင်လာသည် ယခုအခါ ခါးပတ် အညိုအဆင့် ရောက်ရှိ နေပြီဖြစ်ပြီး လာမည့်လတွင် ခါးပတ်နက်အဆင့် စာမေးပွဲ ဖြေခွင့် ရတော့မည် ဖြစ်သည်။

သူမသည် လက်နှစ်ဖက်လုံး မရှိသည့်တိုင် ခြေထောက် နှစ်ဖက်ကို ကျွမ်းကျင်စွာ အသုံးပြုကာ ကားမောင်း နိုင်ပြီး အသက်(၂၃)နှစ်ကတည်းက ယာဉ်မောင်း လိုင်စင် ရရှိထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here