အ​မေ​ရိ​ကန်​တွင်​ ​နျူ​က​လီး​ယား​ဒုံး​ကျည်​ထိပ်​ဖူး​ ငါး​ထောင်​ကျော်​ပိုင်​ဆိုင်​ထားဟု​ ​တ​ရား​ဝင်​ကြေ​ညာ

alt

အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စု​က​ ၎င်း​တို့​သည်​ ​ ​နျူ​က​လီး​ယား​ ​ဒုံး​ကျည်​ထိပ်​ဖူး​ (​၅၁၁၃)​ ခု​ကို​ ​ပိုင်​ဆိုင်​ ထား​ကြောင်း​ ​တ​ရား​ဝင်​ ​ကြေ​ညာ ​လိုက်​သည်​။​ ​

ပင်​တ​ဂွန်​ ​စစ်​ဌာ​န​ချုပ်​က​ ​နောက်​ထပ်​ဖျက်​ဆီး​အ​နား​ပေး​ရန်​ ​စီ​စဥ်​ထား​သည့်​ ​ထိပ်​ဖူး​ပေါင်း​ ​ထောင်​ဂဏန်း​ ​အ​တော်​များ​များ​လည်း​ ​ရှိ​နေ​ကြောင်း​ ​မေ​လ(​၃)​ရက်​နေ့​က​ ​ပြော​ကြား​လိုက်​သည်​။​

အ​မေ​ရိ​ကန်​ ​သ​မ္မ​တ​ ​ဘာ​ရတ်​အို​ဘား​မား​သည်​ ​နိုင်ငံ​အ​တွင်း​ရှိ​ ​နျူ​က​လီး​ယား​ ​လက်​နက်​အ​ရေ​အ​တွက်​ကို​ ​လျှော့​ချ​သွား​ရန်​ ​ဆ​န္ဒ​ရှိ​နေ​ပြီး​ ​နျူ​က​လီး​ယား​ ​ထိပ်​ဖူး​များ​ကို​ ​ဖျက်​သိမ်း​သွား​ရန်​ ​စီ​စဥ်​နေ​သည်​။​ ​မိ​မိ​တို့​အ​နေ​နှင့်​ ​တိုင်း​ပြည်​လုံ​ခြံု​ရေး​ ​ကဏ္ဍ​အ​တွက်​ ​လို​အပ်​သော​ ​ပ​မာ​ဏ​မှ​လွဲ​ပြီး​ ​ကျန်​ရှိ​သော​ ​နျူ​က​လီး​ယား​ ​ထိပ်​ဖူး​များ​ကို​ ​အ​နား​ပေး​သွား​ရန်​ အ​စီ​အ​စဥ်​ရှိ​ကြောင်း​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​ခြား​ရေး​ဝန်​ကြီး​ ​ဟီ​လာ​ရီ​ ​က​လင်​တန်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ထို့​အ​ပြင်​ ​တိုက်​ခိုက်​ရေး​အ​တွက်​ ​ရည်​ရွယ်​အ​သုံး​ပြု​သည့်​ ​တာ​ဝေး​ပစ်​ ​ဒုံး​ကျည်​များ​ထက်​ ​ခု​ခံ​ကာ​ကွယ်​ရေး​ ​စ​နစ်​တွင်​ ​အ​သုံး​၀င်​သည့်​ ​တာ​တို​ပစ်​ ​ဒုံး​ကျည်​များ​၏​ ​နည်း​စ​နစ်​ ​မ​ဟာ​ဗျူ​ဟာ​ကို​ ​ပို​မို​အာ​ရုံ​စိုက်​သွား​မည်​ဟု​လည်း​ ​ဟီ​လာ​ရီ​က​ ​ပြော​ဆို​သွား​သည်​။​

ပင်​တ​ဂွန်​က​ (​၂၀၀၉)​ခု​နှစ်​ ​စက်​တင်​ဘာ​လ​အ​ထိ​ ​စာ​ရင်း​အ​ရ​ ​အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စု​တွင်​ ​နျူ​က​လီး​ယား​ထိပ်​ဖူး​ (​၅၁၁၃)​ခု​ရှိ​ပြီး​ (​၁၉၈၉)​မှ​စ​ကာ​ (​၇၅)​ရာ​ခိုင်​နှူန်း​ထိ​ ​လျှော့​ချလာ​ခြင်း​ဟု​ဆို​သည်​။​ အ​မေ​ရိ​ကန်​နှင့်​ ​ရု​ရှား​တို့​သည်​ ​နှစ်​ဖက်​စ​လုံး​တွင်​ ​ရှိ​နေ​သည့်​ ​နျူ​က​လီး​ယား​ ​ဒုံး​ကျည်​ထိပ်​ဖူး​ ​ပ​မာ​ဏ​ကို​ (​၁၅၅၀)​ထိ​ ​တ​ဖြည်း​ဖြည်း​ ​လျှော့​ချ​သွား​ရန်​ ​သ​ဘော​တူ​ညီ​ထား​ကြောင်း​လည်း​ ​သိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here