န​ယူး​ယောက်​ မြို့​တွင်​ ​ဗုံး​ထောင်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သူ​ တဦး​အား​ ​ဖမ်း​ဆီး​

alt

အ​မေ​ရိ​ကန်​ နိုင်ငံ​၊​ ​န​ယူး​ယောက်​မြို့​တွင်​ ​ဗုံး​ထောင်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သူ​ ​တဦး​အား​ ​ဖမ်း​ဆီး​လိုက်​ပြီ​ ဖြစ်​ကြောင်း​ အ​မေ​ရိ​ကန်​ ​ရှေ့​နေ​ချုပ်​ ​အဲ​ရစ်​ဟို​ဒါ​ က​ ထုတ်​ဖော်​ ကြေ​ညာ​လိုက်​သည်​။​

​မေ​လ​ (​၄)​ရက်​နေ့​တွင်​ ​ဟို​ဒါ​က​ ဒူ​ဘိုင်း​သို့​ ​ထွက်​ခွာ​ရန်​ ​ကြံ​စည်​နေ​သူ​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​ ​တဦး​အား​ JFK​​ လေ​ဆိပ်​တွင်​ ဖမ်း​ဆီး​နိုင်​ခဲ့​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ယ​ခု​အ​ကြမ်း​ဖက်​ ​လုပ်ငန်း​သည်​ ​အ​မေ​ရိ​ကန်​ ​နိုင်ငံ​သား​များ​အား​ ​သတ်​ဖြတ်​ရန်​အ​တွက်​ ​ရည်​စူးထား​သည်​မှာ​ ​အ​ထင်​အ​ရှား​ ဖြစ်​ကြောင်း​၊​ ​ယင်း​ ကိ​စ္စ​အ​တွက်​ ​တာ​ဝန်​ရှိ​သူ​များ​ ​အား​လုံး​ကို​ ​မ​ဖော်​ထုတ်​နိုင်​မ​ချင်း​ ​မိ​မိ​တို့​အား​လုံး​ စိတ်​အေး​နိုင်​မည်​ ​မ​ဟုတ်​ကြောင်း​ ​ဟို​ဒါ​က​ဆို​သည်​။​ ဥ​ပ​ဒေ​ဌာ​န​မှ​ ​တာ​ဝန်​ရှိ​သူ​များ​က​ ​ယင်း​ သံ​သ​ယ​ ရှိ​သူ​သည်​ တိုင်း​မ်စ​ကွဲ​ယား အ​နီး​ ​ဗုံး​ထောင်​ထား​သော​ Nissan​ Pathfinder​​ ကား​အစိမ်း အ​နီး​ ​လုံ​ခြံု​ရေး​ ​ကင်​မ​ရာ​မှ​ ​တွေ့​လိုက်​ရ​သူ​ပင်​ ​ဖြစ်​နိုင်​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​

CNN​ ​သ​တင်း​ဌာ​န​၏​ ​အ​ဆို​အ​ရ​ ​န​ယူး​ယောက်​ ​ရဲ​တပ်​ဖွဲ့​သည်​ ​ယ​ခု​ကိ​စ္စ​တွင်​ ​တ​ရား​ခံ​ ​တဦး​ထက်​မ​က​ ​ရှိ​နေ​သည်​ဟု​ ​ယူ​ဆ​နေ​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​ယင်း​ကား​၏​ ​ပိုင်​ရှင်​သည်​ ​ဗုံး​ထောင်​မှု ​မ​ဖြစ်​ပွား​ခင်​ ​သီ​တင်း(​၃)​ပါတ်​ ​အ​လို​က​ ​ငွေ​သား​သီး​သန့်​ဖြင့်​ ​မော်​တော်​ကား​ကို​ ​ရောင်း​ချ​ခဲ့​ပြီး​ ​ထို့​အ​တွက်​ ​စာ​ချုပ်​စာ​တမ်း​ ​တ​စုံ​တ​ရာ​ ​ပြ​သ​နိုင်​ခြင်း​ ​မ​ရှိ​ပေ​။​ ​ယင်း​ကား​ကို​ ​လက်ငင်း​ငွေ​သား​ ​ဒေါ်​လာ(​၁၈၀၀)​ပေး​ကာ​ ​အ​ရောင်း​အ​ဝယ်​ ​ဖြစ်​ခ​ဲ့​ခြင်း​ဟု​ ​ကား​ပိုင်​ရှင်​က​ ​ရဲ​များ​ထံ​တွင်​ ​အ​စစ်​ခံ​ခဲ့​သည်​။​

​မေ​လ(​၂)​ရက်​နေ့​က​ ​ဖောက်​ခွဲ​ရန်​ ​ကြံ​စည်​မှူ​အ​တွင်း​ ​ဗုံး​ကို​ ​အ​ချိန်​မီ​ ​ဖြုတ်​နိုင်​ခဲ့​ခြင်း​ကြောင့်​ ​ထိ​ခိုက်​ သေ​ဆုံး​မှူ​ ​မ​ရှိ​ခဲ့​ပေ​။​ ​ရဲ​တပ်​ဖွဲ့​က​မူ​ ​ယင်း​ဗုံး​သာ​ ​ပေါက်​ကွဲ​ခဲ့​ပါ​က​ ​အ​နီး​အ​နား​မှ​ ​လူ​ပေါင်း​များ​စွာ​ ​သေ​ကြေ​ဖွယ ်​ရှိ​ကြောင်း​ ​ဝန်​ခံ​ ပြော​ဆို​ခဲ့​သည်​။ ထိုဗုံးခွဲ​မှုနှင့်​ ​စပ်​လျဥ်း​ပြီး​ ​ပါ​က​စ္စ​တန်​ ​အ​ခြေ​စိုက်​ ​တာ​လီ​ဘန်​ ​အ​ကြမ်း​ဖက်​ ​တပ်​ဖွဲ့​များ​က​ ၎င်း​တို့​လက်​ချက်​ဟု​ ​ကြေ​ညာ​ထား​သော်​လည်း​ ​အ​မေ​ရိ​ကန်​ ​ထောက်​လှမ်း​ရေး​က​မူ​ ​ယင်း​အား​ ​အ​တည်​ မ​ပြု​နိုင်​ကြောင်း​ ​ပြော​ကြား​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here