ထိုင်း​ရွေး​ကောက်​ပွဲ​များ​ ​နို​ဝင်​ဘာ​လ​တွင်​ ​ကျင်း​ပ​ပေး​မည်​ဟု​ ဝန်​ကြီး​ချုပ်​အ​ဘီ​ဆစ်​ ကြေ​ညာ

alt

ထိုင်း​နိုင်ငံ​ ​ဝန်​ကြီး​ချုပ်​ ​အ​ဘီ​ဆစ်​ ​ဗီ​ဂျာ​ဂျီ​ဗာ​၏​ ​လမ်း​ပြ​မြေ​ပုံ​​ ​ပြောင်း​လဲ​မှု ​သ​ဘော​တူ​ညီ​ကြောင်း​ ​ကြေ​ညာ​ချက်​နှင့်​ ​ပတ်​သက်​ပြီး​ ​မိ​မိ​တို့​ ​မည်​သို့​ဆက်​လက်​ ​ဆောင်​ရွက်​မည်​ကို​ ​မ​စဥ်း​စား​ရ​သေး​ကြောင်း​ ​အ​စိုးရ​ ​ဆန့်​ကျင်​ရေး​ ဆ​န္ဒ့​ပြ​သူ​ ​ရှပ်​နီ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

ထိုင်း​ဝန်​ကြီး​ချုပ်​က​ ​လမ်း​ပြ​မြေ​ပုံ​ကို​ ​ထုတ်​ဖော်​ကြေ​ညာ​ခဲ့​ပြီး​ ​ယင်း​ကို​ ဆ​န္ဒ​ပြ​သူ​များ​က​ ​သ​ဘော​တူ​မည့်​ ​အ​ခြေ​အ​နေ​မျိုး​ ​ရှိ​နေ​သည်​။​ ​ကြေ​ညာ​ချက်​အ​ရ​ ​ထိုင်း​နိုင်ငံ​ ​ရွေး​ကောက်​ပွဲမျွား​ကို​ ​နို​၀င်​ဘာ​လ​ (​၁၄)​ရက်​နေ့​တွင်​ ​ကျင်း​ပ​သွား​ဖွယ်​ ​ရှိ​နေ​ကြောင်း​ အ​င်္ဘဆစ်​က​ ​အ​တည်​ပြု​ထား​ကြောင်း​ ​သိ​ရ​သည်​။​ ​အ​ဘီ​ဆစ်​သည်​ ​ယင်း​ကြေ​ညာ​ချက်​ကို​ ​မေ​လ(​၃)​ရက်​နေ့​ည​က​ ​ရုပ်​မြင်​သံ​ကြား​မှ​တ​ဆင့်​ ​ပြည်​သူ​အား​လုံး​သို့​ ​ရည်​ရွယ်​ထုတ်​ပြန်​ပေး​ခဲ့​သည်​။​ ​မိ​မိ​အ​နေ​နှင့်​ ​နိုင်ငံ​ရေး​ ​အင်​အား​စု​ ​အ​သီး​သီး​က​ ​သ​ဘော​တူ​လက်​ခံ​မည့်​ ​လမ်း​ပြ​မြေ​ပုံ​ကို​ ​ဖော်​ဆောင်​သွား​မည်​ဖြစ်​ကြောင်း​၊​ နို​၀င်​ဘာ​လ​တွင်​ ​ကျင်း​ပ​ရန်​ ​စီ​စဥ်​ထား​သော​ ​ရွေး​ကော​က်​ပွဲ​အ​တွက်​ ​အ​စိုး​ရ​က​ ​ဆောင်​ရွက်​မှူ​များ​ ​ပြု​လုပ်​ထား​ပြီ​ဖြစ်​ကြောင်း​ ​အ​ဘီ​ဆစ်​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​

ထိုင်း​နိုင်ငံ​တွင်​ ​မတ်​လ(​၁၂)​ရက်​နေ့​မှ​စ​ကာ​ ​ဖြစ်​ပွား​နေ​သော​ ​ဆ​န္ဒ​ပြ​မှူ​များ​ကြောင့်​ ​နိုင်ငံ​၏​ ​စီး​ပွား​ရေး​ ​ကဏ္ဍ​တွင်​ ​ထိ​ခိုက်​မှူ​များ​ ​ဖြစ်​ပေါ်​ခဲ့​ရာ​ ​အ​စိုး​ရ​က​ ​ယ​ခု​လို​ ​တစ်​ဆင့်​လျှော့​ ​လိုက်​လျော​မှူ​ ​ပြု​လုပ်​လာ​ခြင်း​ ​ဖြစ်​နိုင်​ကြောင်း​ ​လေ့​လာ​သူ​များ​က​ ​သုံး​သပ်​ခဲ့​သည်​။​ ​အ​ဘီ​ဆစ်​သည်​ ​လွှတ်​တော်​ကို​ ဩ​ဂုတ်​လ​ကုန်​ (​သို့​မ​ဟုတ်)​ ​စက်​တင်​ဘာ​လ​ဆန်း​တွင်​ ​ဖျက်​သိမ်း​ပေး​ဖွယ်​ ​ရှိ​နေ​သည်​။​ ​ထိုင်း​၏​ ​ဖွဲ့​စည်း​ပုံ​ ဥ​ပ​ဒေ​အ​ရ​ ​လွှတ်​တော်​ဖျက်​သိမ်း​ပြီး​ ​ရက်​ပေါင်း(​၆၀)​အ​တွင်း​ ​ရွေး​ကောက်​ပွဲ​ကို​ ​ပြန်​လည်​ကျင်း​ပ​ပေး​ရ​မည်​ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here