ဂျက်​ဆ​တင်​ တင်း​ဘာ​လိတ်​နှင့်​ ​ဂျက်​ဆီ​ကာ​ဘေး​ တို့​စုံ​တွဲ​ ​လမ်း​မ​ခွဲ

alt

ဂျက်​ဆ​တင်​ တင်း​ဘား​လိတ်​နှင့်​ ​ဂျက်​ဆီ​ကာ​ဘေး​ တို့​စုံ​တွဲ​ ​လမ်း​ခွဲ​လိုက်​ပြီ​ဟု​ ​သ​တင်း​များ​ ​ပျံ့​နှံ့​နေ​သော်​လည်း​ ​န​ယူး​ယောက်​ မြို့​တွင်​ ​စုံ​တွဲ​ထွက်​ပေါ်​လာ​ခြင်း​ဖြင့်​ ​ယင်း​ ကော​လ​ဟာလ​များ​ကို​ ​နာ​မည်​ကျော်​ ​စုံ​တွဲ​က​ ချေဖျက်​ ပြ​လိုက်​သည်​။​

​မေ​လ (​၂)​ရက်​နေ့​က​ Pop​ အ​ဆို​တော်​နှင့်​ ​ဟော​လီး​ဝုဒ်​ ​မင်း​သ​မီး​တို့​သည်​ ​န​ယူး​ယောက်​ မြို့​ရှိ​ ​ထ​ရီ​ဘီ​ကာ​မြို့​နယ်​တွင်​ ​လက်​ချင်း​တွဲ​ကာ​ ​ေ​ဈး​ဝယ်​ထွက်​လာ​သည်​ကို​ ​တွေ့​မြင်​ခဲ့​ရ​သည်​။​ ​အ​သက်(​၂၈)​နှစ်​ရှိ​ ​ဂျက်​ဆီ​ကာ​သည်​ ​မီး​ခိုး​နှင့်​ ​အ​နီ​ကြား​ ​အ​င်္ကျီ​ကို​ ​ဝတ်​ဆင်​လာ​ပြီး​ ​ပေါ့​ပါး​ပျော်​ရွှင်​နေ​သည့်​ ​ပုံ​စံ​မျိုး​ဟု​ ​မျက်​မြင်​ တွေ့​ရှိ​သူ​များ ​က​ဆို​သည်​။​ ​ထို့​အ​ပြင်​ ​ဂျက်​ဆတင်​နှင့်​ ​ဂျက်​ဆီ​ကာ​တို့​သည်​ ​ချဲလ်​ဆီး​ပီ​ရက်​တွင်​ ​အ​တူ​တ​ကွ​ ​ဘေ့စ်​ဘော​ ​က​စား​ခဲ့​ကြ​သေး​သည်​။​ ​ယင်း​နေ့​ မတိုင်​မီ​က​ ​ဂျက်​ဆီ​ကာ​သည်​ Revlon​ Run/Walk​ ​ရံ​ပုံ​ငွေ​ပွဲ​ အ​တွက်​ ​မင်း​သ​မီး​ ဂျက်​ဆီ​ကာ​အယ်​ဘာ​၊​ ဟယ်​လီ​ဘယ်​ရီ​ တို့​နှင့်​အ​တူ​ ​ဝင်​ပြေး​ခဲ့​သေး​သည်​။​

ပြီး​ခဲ့​သည့်​လ​က​ ​ဂျက်​ဆီ​ကာ​နှင့်​ ​ဂျက်​ဆ​တင်​တို့​သည်​ ​လမ်း​ခွဲ​လိုက်​ပြီ​ ဖြစ်​ပြီး​ ​ထို​သို့​ဖြစ်​ရ​ခြင်း​မှာ​ ​ဂျက်​ဆ​တင်​၏​ ​ချစ်​သူ​ဟောင်း​ ​မင်း​သ​မီး​ ​ကင်​မ​ရွ​န်း​ဒိုင်​ယက်​ ကြောင့်​ဟု​ ​သ​တင်း​များ​ ​ထွက်​ပေါ်​ခဲ့​သည်​။​ ​ထို​ကိ​စ္စ​ကို​ ​ကာ​ယ​ကံ​ရှင်​များ​က​ ​တ​စုံ​တ​ရာ​ ​မ​ဖြေ​ရှင်း​ခဲ့​သ​ဖြင့်​ လမ်း​ခွဲ​လိုက်​ပြီ​ဆို​သော​ ​ခန့်​မှန်း​ချက်​မှာ​ ​ပို​မို​ခိုင်​မာ​ လာ​ခဲ့​သော်​လည်း​ ​ယ​ခု​အ​ခါ​ ​နှစ်ဦး​အ​တူ​တွဲ​ကာ​ ​လူ​အ​များ​ရှေ့​ ​ပြန်​လည်​ ထွက်​ပေါ်​လာ​ခြင်း​ ဖြစ်​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here