ရေခဲခေတ် အမွှေးရှည် ဆင်ကြီးများ ပြန်လည် မွေးဖွားရန် သိပ္ပံ ပညာရှင်များ​ ကြံစည်

alt

သိပ္ပံပညာရှင် များသည် Jurassic Park ရုပ်ရှင်​ ဇာတ်ကားမှ နည်းလမ်း ကို အခြေခံကာ ကမ္ဘာပေါ်တွင် မျိုးသုဉ်း​ ပျောက်ကွယ်​ သွားသည့် ရေခဲခေတ် အမွေးရှည် မမ်မတ်​ ဆင်ကြီး များအား ပြန်လည် မွေးဖွားရန် ကြံစည်နေကြောင်း သိရသည်။

DNA Specimen​ ကို ရယူထား ပြီးနောက် ကြီးမား​ ထွားကြိုင်းလှသည့် အာတိတ်​ ဆင်ကြီးများအား နှစ်ပေါင်း​ (၂၅၀၀၀)​ အကြာတွင် ကမ္ဘာ​မြေပေါ်သို့ တကျော့​ ပြန်ရှင်သန်ခွင့်​ အတွက် လက်ဆောင်​ ပေးနိုင်မည်ဟု ကနေဒါမှ သုတေသီများက ယုံကြည်​ နေကြသည်။ ကနေဒါ​ နိုင်ငံ၊ မန်နီတိုဘာ တက္ကသိုလ်မှ ပရော်ဖက်ဆာ ကီဗင်ကင်းဘဲက သွေးဆဲလ်​ DNA​ များ ရရှိထားသည့် အခြေအနေတွင် မမ်မတ်ဆင် စစ်စစ်​ တကောင်အား ပြန်လည်​ မွေးဖွားပေးမည့် နည်းလမ်းသည် လက်ရှိ​ စမ်းသပ်နေသည့် နည်းများနှင့် ကွာခြားမှု မရှိလှကြောင်း ပြောကြား​ ခဲ့သည်။

ယင်းတို့သည် ဆိုက်ဘေးရီးယားမှ နှစ်ပေါင်း​ (၄၃၀၀၀)​ ခန့်​ အကြာတွင် အသက်ရှင်ခဲ့သော ဆင်ကြီး​ တစ်ကောင်၏ DNA​ ကို ရရှိ​ ထားပြီး​ ဖြစ်ကြောင်း သိရသည်။ ယင်း​ DNA​ ကို အေးခဲမှုဖြင့် ထိန်းသိမ်း​ ထားပြီး ယခုအခါ မမ်မတ်​ ဆင်ကြီးများ ပြန်လည်​ မွေးဖွား​ ပေးနိုင်မည့် နည်းလမ်းအား လေ့လာ​ နေခြင်း​ ဖြစ်သည်။ DNA​ မှ ပရိုတင်းများကို လေ့လာ ပြီးနောက် ပရော်ဖက်ဆာ ကင်းဘဲနှင့်​ အဖွဲ့က မမ်မတ်​ ဆင်ကြီး တကောင်လုံးကို ဖန်တီး​ နိုင်မည်ဟု မျှော်လင့်လျက်​ ရှိကြသည်။

ကမ္ဘာ့​ ရုပ်ရှင်လောကတွင် အထူး​ ပြုလုပ်ချက်များဖြင့် ထင်ရှားခဲ့သည့် Jurassic Park​ ဇာတ်ကားတွင် ကျောက်ဖြစ်​ ရုပ်ကြွင်း ဖြစ်နေသော ခြင်မှရသည့် နှစ်သန်းပေါင်း များစွာက ဒိုင်နိုဆောများ၏​ သွေးမှ DNA​ ကို ထုတ်ယူကာ ဖားများတွင် ထည့်သွင်း​ မွေးဖွားစေပြီး ဒိုင်နိုဆောများ ပြန်လည်​ ရှင်သန်လာသည်ဟု ဇာတ်လမ်းဆင် ရိုက်ကူးထားပြီး ယင်း​ စိတ်ကူးကို အခြေခံကာ DNA​ မှတဆင့် မမ်မတ်ဆင်များ မွေးဖွား​နိုင်ရန် ပညာရှင်များက ကြိုးပမ်း​လာခြင်း​ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here