​မြောက်​ကို​ရီး​ယား​ ခေါင်း​ဆောင်​ ကင်​ဂျံု​အီ​၏​ ​ရှား​ရှား​ပါးပါး​​ ပြည်​ပ​ ခ​ရီး​စဥ်

alt

ပြည်​ပ​ နိုင်ငံ​များ​သို့​ ​အ​လည်​အ​ပတ်​ ​သွား​ရောက်​မှူ​ ​အ​လွန်​နည်း​ပါး​သည့်​ ​မြောက်​ကို​ရီး​ယား​ ​ခေါင်း​ဆောင်​ကြီး​ ​ကင်​ဂျံု​အီ​သည်​ ​မေ​လ (​၃)​ရက်​နေ့​ ​နံ​နက်​ပိုင်း​က​ ​ရှား​ရှား​ပါး​ပါး​ ​ပင်​လယ်​ရပ်​ခြား​​ ​ခ​ရီး​စဥ်​ အ​ဖြစ်​ ​တ​ရုတ်​နိုင်ငံ​သို့​ ​သွား​ရောက်​ခဲ့​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​ကြသည်​။​

​ကင်​၏​ ​ဇိမ်​ခံ​ မီး​ရ​ထား​ကြီး​သည်​ ​တ​ရုတ်​ နယ်​စပ်​မြို့​ ဒန်​ဒွန်း​ကို​ ဖြတ်​ကျော်​ ဝင်​ရောက်​သွား​ကြောင်း​ ​မျက်​မြင်​များ​က​ ဆို​သည်​။​ ​ယင်း​သည်​ ​ကင်​အ​တွက်​ ​(​၄)​နှစ်​ အ​တွင်း​ ​မြောက်​ကို​ရီး​ယား​မှ​ ​နိုင်ငံ​ရပ်​ခြား​ ​တိုင်း​ပြည်​တ​ခု​သို့​ ပ​ထ​မ​ဆုံး​ အ​ကြိမ်​ ​သွား​ရောက်​မှုလည်း​ ​ဖြစ်​လာ​သည်​။​ ​ရ​ထား​ ဆိုက်​ရောက်​ချိန်​တွင်​ ​အ​ထူး​ရဲ​တပ်​ဖွဲ့​နှင့်​ ​စစ်​သား​များ​က​ ​ခြံ​ရံ​စောင့်​ကြပ်​ကာ​ ​ဖူ​ရာ​မာ​ ​ဟို​တယ်​သို့​ ​လမ်း​ပြ​ခေါ်​ဆောင်​သွား​ကြောင်း​ ​ဒန်​ဒွန်း​မှ​ ​အ​မည်​ မ​ဖော်​လို​သူ​ ​အ​ရာ​ရှိ​တစ်ဦး​က​ ​ပြော​ကြား​ခဲ့​သည်​။

​မြောက်​ကို​ရီး​ယား​ ​ယွန်​ဟပ်​သ​တင်း​ ​အေ​ဂျင်​စီ​ က​မူ​ ​ကင်​သည်​ ​ဘေ​ဂျင်း​သို့​ ​မ​ရောက်​မီ​ ဒါလီယမ်း ​မြို့​တွင်​ ​ည​အိပ်​ ရပ်​နား​ခဲ့​ကြောင်း​ ​ဖော်​ပြ​ခဲ့​သည်​။​ ​တောင်​ကို​ရီး​ယား​ ​ထောက်​လှမ်း​ရေး​ ​တပ်​ဖွဲ့​က​မူ​ ​ကွန်​မြူ​နစ်​ ​ခေါင်း​ဆောင်​ကြီး​ ​တ​ရုတ်​နိုင်ငံ​သို့​ ​လာ​ရောက်​သည့်​ ​သ​တင်း​အား​ ​အ​တည်​မ​ပြု​ နိုင်​သေး​ကြောင်း​နှင့်​ ​လာ​ရောက်​ ပါ​က​လည်း​ မည်​သည့်​ ရည်​ရွယ်​ချက်​ ​ဖြစ်​နိုင်​ကြောင်း​ ​မ​ဖော်​ထုတ်​နိုင်​သေး​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​

ကင်​သည်​ ​တ​ရုတ်​နိုင်ငံ​သို့​ (​၂၀၀၆) ​ခု​နှစ်​က​ ​နောက်​ဆုံး​ သွား​ရောက်​ခဲ့​ဖူး​ပြီး​ (​၂၀၀၈)​ခု​နှစ်​တွင်​ ​လေ​ဖြတ်​ ဝေ​ဒ​နာ​ကြောင့်​ ​နိုင်ငံ​ရပ်​ခြား​သို့​ ​ခ​ရီး​ထွက်​ခြင်း​ ​မ​ပြု​လုပ်​နိုင်​တော့​ပေ​။​ တ​ရုတ်​နှင့်​ ​မြောက်​ကို​ရီး​ယား​တို့​သည်​ ​ယ​ခင်​က​တည်း​ ရင်း​နှီး​ကျွမ်း​ဝင်​သော​ ​ဆက်​ဆံ​ရေး​မျိုး​ ​ရှိ​ထား​ပြီး​ ​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​စစ်​ပွဲ​အ​တွင်း​ တ​ရုတ်​နိုင်ငံ​သည်​ ​မြောက်​ကို​ရီး​ယား​အား​ ​အ​ထောက်​အ​ပံ့​ ​အ​မြောက်​အ​မြား​ ​ပေး​အပ်​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here