အဖော်အချွတ် ဇာတ်ရုပ် အဖြစ် လင်ဆေးလိုဟန် သရုပ်ဆောင်မည်

alt

ဟောလီးဝုဒ် လူငယ်​ မင်းသမီး လင်းဆေး လိုဟန်မှာ (၁၉၇၀)​ ပြည့်လွန်​ နှစ်များ​ အတွင်း အကြီးအကျယ် အောင်မြင်ခဲ့သည့် အဖော်အချွတ် ရုပ်ရှင်​ မင်းသမီး လင်ဒါ လိုဗာလိတ်၏

ဇာတ်ရုပ်တွင် ပါဝင်​ သရုပ်ဆောင်မည်​ ဖြစ်ကြောင်း ဇာတ်ကား​ ပရိုဂျူဆာ များက ပြောကြား​ လိုက်သည်။

ပရိုဂျူဆာ ဝါလီရာဇာကီက အသက်​ (၂၄)​ နှစ်ရှိ မင်းသမီးသည် (၂၀၀၂)​ ခုနှစ်က ကွယ်လွန်​ သွားရှာပြီ ဖြစ်သည့် မင်းသမီး ဟောင်းကြီး၏ ငယ်ဘဝကို အခြေခံ ထားသော ရုပ်ရှင်တွင် ပါဝင်ရန် သဘောတူလိုက်ပြီဟု အတည်ပြုခဲ့သည်။ လင်ဒါသည် (၁၉၇၂)​ ခုနှစ်က ရုံတင်ခဲ့သည့် Deep Throat​ ဇာတ်ကားတွင် လူကြိုက်များ ထင်ရှား​ လာခဲ့သည်။

လင်ဒါ၏ အမည်ရင်းသည် လင်ဒါ ဆူဆန် ဘောမန်းဖြစ်ပြီး သူမ၏ အနုပညာ စွမ်းရည်ကြောင့် Deep Throat​ သည် ပထမဆုံး ယဉ်ကျေးမှု​ နယ်ပယ်တွင် ဝင်ဆံ့သည့် အဖော်အချွတ် ဇာတ်ကား​အဖြစ် ချီးကျူး​ ခံခဲ့ရသည်။ သူမသည် ရုပ်ရှင်​ လောကမှ အနားယူ သည့်အခါ ယင်း​ အဖော်အချွတ် ဇာတ်ကားများကို ဆန့်ကျင်သည့် အသင်းတခုတွင် တက်ကြွသော အဖွဲ့ဝင် တဦးအဖြစ် ပါဝင်​ ဆောင်ရွက်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here