မက္ကစီကိုမူးယစ်ဆေးဝါးဂိုဏ်းမှ ရွှေနှင့်စိန် စီခြယ်ထားသည့် သေနတ်များ သိမ်းဆည်းရမိ

alt

မက္ကစီကိုနိုင်ငံ မူးယစ်နှိမ်နင်းရေး အထူး တပ်ဖွဲ့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု ဂိုဏ်းတစ်ခုအား ၀င်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် အံ့အား သင့်စရာ သေနတ်များကို တွေ့ရှိခဲ့ရသည်။

မက္ကစီကို စစ်သားများသည် ရွှေပြားနှင့် စိန်ပွင့်များ စီခြယ်​ ထားသည့် သေနတ်များအား လက်နက်တိုက် တစ်ခု​ အတွင်းမှ သိမ်းယူနိုင်ခဲ့သည်။ ယင်းသည် ဗလန်စီယာခေါ် နာမည်ကျော် မူးယစ်မှောင်ခို ဂိုဏ်းတစ်ခုမှ ထိပ်သီး​ ခေါင်းဆောင်များ ပိုင်ဆိုင်သည်ဟု ယူဆရသည်။ မက္ကစီကို စစ်တပ်က ထုတ်ဖော်​ ပြသ​ လိုက်သည့် စိန်စီ​ ရွှေချ သေနတ်များသည် မူးယစ်​ ခေါင်းဆောင်များ၏ ချမ်းသာ​ ကြွယ်ဝမှုကို ထင်ဟပ်​ နေစေသည်။

ယင်းတို့​ အနက် ရွှေပြားကပ် ပစ္စတို​ သေနတ် (၃၁)​ လက် ပါဝင်နေသည်။ ထို့အပြင် ကိုယ်ထည်တွင် ရွှေပြားများ ကပ်ထားသည့် ချေမှုန်းရေး မောင်းပြန်ရိုင်ဖယ် (၃)​ လက်ကိုလည်း စစ်တပ်က သိမ်းဆည်း​ နိုင်ခဲ့သည်။ ယင်းသေနတ်များအား မက္ကစီကို အနောက်ပိုင်းရှိ ဂွာဒါန်လာဂျာရာမှ အော်စကာနာဗာဗလန်စီယာဆိုသော မြို့လေးတစ်ခုတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here