ဝက်​တွေ​ကြောင့်​ ​တင့်​ကား​ဖျက်​ လောင်​ချာ​ ဂျာ​မန်​ ရဲ​တပ်​ဖွဲ့​​ ​ရှာ​ဖွေ​တွေ့​ရှိ

alt

ဂျာမန် ရဲတပ်ဖွဲ့က ဝက် နှစ်ကောင် ကြောင့် ဒုတိယ ကမ္ဘာစစ်သုံး တင့်ကားဖျက် လောင်ချာ တလက် အား ရှာဖွေ တွေ့ရှိခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ဧပြီလ (၃၀)ရက်နေ့က အဆိုပါ ဆာလောင်နေသော ဝက်များသည် မြေကြီးကို တူးဆွရင်း ဂျာမန် ဘာသာဖြင့် panzerfaust​ ဟုခေါ်သော ပန်သာ တင့်ကားဖျက် လက်နက်ကို တူးမိခဲ့ကြသည်။ ဝက်များ၏ ပိုင်ရှင်သည် ထိုလက်နက်ကို တွေ့မြင်ပြီးနောက် ဝက်များကို ချက်ချင်း မောင်းထုတ်ကာ ပေါက်ကွဲ စေတတ်သည့် ပစ္စည်းတခု ဖြစ်နိုင်ကြောင်း ရဲများထံ အကြောင်းကြားခဲ့သည်။

ယင်း ပန်သာ တင့်ကားဖျက် လက်နက်သည် ဒုတိယ ကမ္ဘာစစ် ကာလ အတွင်းက အသုံးပြုရန် လွယ်ကူခြင်း၊ ထိရောက်မှူ ရှိခြင်းတို့ကြောင့် ဂျာမန်လုပ် နာမည်ကျော် စစ်လက်နက် တခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခုတူးဖော် တွေ့ရှိသည့် လက်နက်သည် စစ်ကြီး ပြီးဆုံးသည့် (၆၅) နှစ်မျှ ကြာမြင့်ပြီး ဖြစ်သော်လည်း အကောင်းအတိုင်း ရှိနေ သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here