ဖိလစ်ပိုင်းရွေးကောက်ပွဲများ စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည်ဟု အတည်ပြုကြေညာ

alt

ဖိလစ်ပိုင် ရွေးကောက်ပွဲ ကော်မရှင် (COMELEC) က နိုင်ငံ၏ ရွေးကောက်ပွဲကို ကြိုတင် စီစဉ် ထားသည့် အတိုင်း မဖြစ်မနေ ကျင်းပ သွားမည်ဟု အတည်ပြု ကြေညာ လိုက်သည်။

ယခင် ရွေးချယ် ထားသည့် အတိုင်း ရွေးကောက်ပွဲကို မေလ (၁၀) ရက်နေ့တွင် ပြုလုပ်ရန် ရွေးချယ် ထားပြီး ဖြစ်ကြောင်း ကော်မရှင် အကြီးအကဲ ဂရီဂိုရီ လာရက်ဇာဘယ်က ဆိုသည်။ လာရက်ဇာဘယ်က မဲ ရေတွက် စက်များကို ကြိုတင် စမ်းသပ်မှုများ ပြုလုပ်ရာတွင် လွဲချော်မှုများ ရှိနေခြင်းကြောင့် ရွေးကောက်ပွဲကို (၁၅) ရက်မျှ နောက်ကျ ပြုလုပ်မည် ဆိုသော ခန့်မှန်း ဖော်ပြချက်များအား ငြင်းဆန် သွားသည်။

မဲ ရေတွက် စက်အား တာဝန်ယူ ပြုလုပ်ပေးသည့် Smartmatic-TIM ကုမ္ပဏီက စက်များကို ပြန်လည် ပြင်ဆင်မှုများ ပြုလုပ် ပြီးနောက် လုပ်ဆောင်ချက်တိုင်း အောင်မြင်မှု အပြည့်အဝ ရရှိကြောင်း ပြောကြား ခဲ့သည်။ အစမ်း စစ်ဆေးမှုများ အရ မာကာတီ၊ မာရီကီနာ၊ ပါရာနာကူနှင့် ဘာတန်ဂက် ဒေသများ အတွက် အသုံးပြုမည့် စက်များတွင် လွဲချော်မှုများ ရှိနေကြောင်း ကော်မရှင်က စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော်လည်း ယခု အချိန်တွင်မူ ရွေးကောက်ပွဲ ကျင်းပမည့် တနင်္ဂနွေနေ့ အတွက် အရာရာ အဆင်ပြေပြီး အသင့်ရှိနေကြောင်း လာရက်ဇာဘယ်က ကြေညာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here