လီဗာပူး တိုက်စစ်မှူး တောရက်စ် အား ခေါ်ယူရန် ချဲလ်ဆီး​ ကြိုးပမ်းလာ

alt

လီဗာပူး အသင်း ဥရောပ ချန်ပီယံ လိဂ် ဝင်ခွင့်ဆုံးရှုံး သွားပြီးနောက် ချဲလ်ဆီးသည် လီဗာပူး တိုက်စစ်မှူး ဖာနန်ဒို တောရက်အား ခေါ်ယူရန် တကျော့ပြန် ကြိုးပမ်း လာပြီ ဖြစ်သည်။

အသင်း၏ ယိမ်းယိုင်နေသော အခြေအနေ များကို စိတ်ပျက် နေသည့် စပိန် လက်ရွေးစင် တိုက်စစ်မှူး အား လီဗာပူးက ဈေး သတ်မှတ် ထားသည့် အတိုင်း ပေါင်သန်း (၇၀) ဖြင့် ဝယ်ယူရန် ချဲလ််ဆီး ပိုင်ရှင် ရိုမန် အက်ဗရာ မိုဗစ်က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။ တောရက်အား ဈေးကြီးပေး ခေါ်ယူရန် ချဲလ်ဆီးက လုံးပမ်း လာမှုသည် ပရီးမီးယား လိဂ် ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူးများ အနက် တဦးအဖြစ် စာရင်း ဝင်နေသူ တောရက်အား ပစ်မှတ်ထားနေသည့် မန်ချက်စတာ စီးတီး အတွက် အထိနာ စေခဲ့သည်။ တောရက်ကို အီတလီကလပ် အင်တာမီလန် ကလည်း အလိုရှိနေသည်။

လီဗာပူးသည် ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခြင်းနှင့်အတူ အသင်းမှ အားထားရသည့် အသင်းခေါင်းဆောင် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ စတီဖင်​ ဂျာရတ်ကိုပါ လက်လွှတ်ရဖွယ် ရှိနေကြောင်း သတင်းများက ဖော်ပြ​ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here