န​ယူး​ယောက်​တွင်​ ​ကျင်း​ပ​မည့်​​ နျူကလီးယားအ​စည်း​အ​ဝေး​သို့​ ​ အီရန်သမ္မတ​ တက်​ရောက်​မည်

alt

အီရန်သမ္မတ မာမွတ် အာမက်ဒီနီဂျက်သည် အမေရိကန်နိုင်ငံ၊ နယူးယောက်တွင် ကျင်းပမည့် ကုလသမဂ္ဂ နျူကလီးယား စည်းဝေးပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

(၅)နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် ယင်းအစည်းအဝေးသို့ နိုင်ငံပေါင်း (၂၀၀)မှ တက်ရောက် ကြမည်ဖြစ်ပြီး နျူကလီးယား လက်နက်များ ပျံ့နှံ့မှူကို တားဆီးရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ အာမက်ဒီနီဂျက်သည် ၎င်းအား နိုင်ငံရေးအရ အပြင်းအထန် ဖိအားပေးနေသည့် အမေရိကန်သို့ သွားရောက်ရန် နောက်ဆုံးမိနစ် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဟု သိရသည်။

နျူကလီးယား မပြန့်ပွားရေး စာချုပ် (NPT) သည် နျူကလီးယား လက်ဝယ်ပိုင်ဆိုင်သည့် နိုင်ငံများကြား နျူကလီးယား လက်နက်တင်ဆင်မှူ တိုးမြှင့်လာခြင်းအား လျှော့ချရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယခုသီတင်းပါတ်အတွင်း ကျင်းပမည့် အစည်းအဝေးသို့ အာမက်ဒီနီဂျက် တက်ရောက်လာမှူသည် အမေရိကန်သမ္မတ ဘာရတ်အိုဘားမား၏ နျူကလီးယား ထိန်းချုပ်ရေး မူဝါဒအတွက် စိန်ခေါ်မှူတစ်ခု ဖြစ်လာနိုင်ကြောင်း လေ့လာသူများက မှတ်ချက်ပြုခဲ့ကြသည်။

အမေရိကန်သည် အီရန်အား နျူကလီးယား လက်နက်များ လျှို့ဝှက်တည်ဆောက်နေသည်ဟု စွပ်စွဲကာ နိုင်ငံတကာ ပိတ်ဆို့မှူများကို ဦးဆောင်ပြုလုပ်ထားသည်။ အာမက်ဒီနီဂျက် ယခုအစည်းအဝေးသို့ တက်ရောက်ခြင်းသည် ညှိနှိူင်းဆောင်ရွက်မှူများ အောင်မြင်မည့် ကိစ္စအတွက် အဟန့်အတား ဖြစ်လာမည်ကိုလည်း အချို့က စိုးရိမ်နေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here