အ​သက်​ မ​ပြည့်​သေး​သည့်​ ပြ​ည့်​တန်​ဆာ​နှင့်​ ဇာတ်​လမ်း​ ရှုပ်​ခဲ့​မှု​ အ​ပေါ်​ ရီ​ဘာ​ရီ ဝန်​ခံ​

alt

မိ​မိ​၏​ ​မ​ဆင်​မ​ခြင်​ ​လုပ်​ရပ်​များ​က​ ​မိ​သား​စု​ကို​ ​ထိ​ခိုက်​ နာ​ကျင်​စေ​ခဲ့​ကြောင်း​ ​ဖ​ရန့်​ရီ​ဘာ​ရီ​က​ ​ဝန်​ခံ​ပြောကြား​ လိုက်​သည်​။​

​ပြင်​သစ်​ လက်​ရွေး​စင်​ ​တောင်​ပံ​က​စား​သ​မား​က​ ၎င်း​နှင့်​ ​အ​သက်​မ​ပြည့်​သေး​သည့်​  ပြ​ည့်​တန်​ဆာ​ ​အ​မျိုး​သ​မီး​ ​ဇာ​ဟီ​ရာ​ဒီ​ဟာ​ တို့​၏​ဇာတ်​လမ်း​ ​ပေါ်​ပေါက်​လာ​ပြီး​နောက်​ ​ယ​ခု​လို​ ​ပြော​ကြား​လိုက်​ခြင်း​ ဖြစ်​သည်​။​

​ဂျာ​မ​နီ​က​လပ်​ ​ဘိုင်​ယန်​ မြူး​နစ်​တွင်​ ​က​စား​နေ​သည့်​ ​အ​သက် (​၂၇)​နှစ်​ရှိ​ ​ရီ​ဘာ​ရီ​သည်​ ​အ​သက် (​၁၇)​နှစ်​သာ​ ​ရှိ​သေး​သည့်​ ​ဒီ​ဟာ​နှင့်​ ​အ​တူ​ အိပ်​ခဲ့​ခြင်း​ကြောင့်​ ​ထောင်​ဒဏ် (​၃)​နှစ်​ (​သို့​မ​ဟုတ်)​ ​ဒဏ်​ငွေ​ပေါင်​ စ​တာ​လင်​ (​၄၀၀၀၀)​ထိ​ ​ကျ​ခံ​ရ​ဖွယ်​ ​ရှိ​နေ​သည်​။​ ​ရီ​ဘာ​ရီ​က​ ​ယ​ခု​အ​ခါ​ ၎င်း​သည်​ ​ဇ​နီး​သည်​ ​ဝါ​ဟီ​ဘာ​နှင့်​ ​က​လေး​နှစ်ဦး​အ​တွက်​ ​စိုး​ရိမ်​မိ​ကြောင်း​ French​ TV​ နှင့်​ ​အင်​တာ​ဗျူး​ ​အ​စီအ​စဥ်​တွင်​ ​ပြော​ကြား​သွား​သည်​။​

​ဒီ​ဟာ​က​ ​သူ​မ​သည်​ ​ပြင်​သစ်​လက်​ရွေး​စင်​ ​ဘော​လုံး​သ​မား​ (​၃)ဦး​နှင့်​ ​အ​တူ​ အိပ်​ခဲ့​သည့်​အ​တွက်​ ​ပေါင်(​၁၅၀၀)​ ​ရ​ရှိ​ခဲ့​ကြောင်း​နှင့်​ ​ကျန်​နှစ်ဦး​သည်​ ​အ​သက် (​၃၀)​အ​ရွယ်​ ​ဆစ်​ဒ​နီ​ဂို​ဗူး​၊​ ​အ​သက်(​၂၂)​နှစ်​ရှိ​ ​ကီ​ရင်​ဘန်​ဇီး​မား​တို့​ ​ဖြစ်​ကြ​ကြောင်း​ ​စွပ်​စွဲ​ထား​သေး​သည်​။​ ​ထို့​အ​ပြင်​ ​ပြင်​သစ်​မြို့​တော်​ ​ပဲ​ရစ်​ရှိ​ ​က​ဖေး​ဇီ​မန်း​မှ​ ​နိုက်​က​လပ်​တွင်​ ​တွေ့​ဆုံ​ခဲ့​ပြီး​နောက်​ ​ရီ​ဘာ​ရီ​သည်​ ​သူ​မ​အ​တွက်​ ​ပုံ​မှန်​ဖောက်​သည်​ ​ဖြစ်​လာ​ကြောင်း​လည်း​ ​ဇီ​ဟာ​က​ ​ဖွင့်​ဟ​ထား​သည်​။​ ​သူ​မ​တို့​သည်​ ​ယ​မန်​နှစ်​က​ ​တွေ့​ဆုံ​ခဲ့​ခြင်း​ ဖြစ်​ပြီး​ ​ရီ​ဘာ​ရီ​၏​ ​အ​သက်(​၂၆)​နှစ်​ပြည့်​ ​မွေး​နေ့​က​ ​မြူး​နစ်​ဟို​တယ်​တွင်​ ​အ​တူ​အိပ်​ခဲ့​ကြောင်း​လည်း​ ​ပြော​ကြား​ခဲ့​သည်​။​

​ပြင်​သစ် ဥ​ပ​ဒေ​အ​ရ​ ​အ​သက်(​၁၈)​နှစ်​ ​မ​ပြည့်​သေး​​သော​ ​မိန်း​က​လေး​မှာ​ ​ပြည့်​တန်​ဆာ​ အ​လုပ်​ဖြင့်​ ​အ​သက်​မွေး​ခွင့်​ ​မ​ရှိ​သ​လို​ ​အ​တူ​အိပ်​သူ​ များ​အား​ ​မု​ဒိမ်း​မှု​ဖြင့်​ ​အ​ရေး​ယူ​ခွင့်​ ​ရှိ​နေ​သည်​။​ ပဲ​ရစ်​မြို့​မှ​ ​တ​ရား​သူ​ကြီး​ ​အင်​ဒ​ရီ​ဒန်​ဒို​က​ ​အ​ဆို​ပါ​ ​ကိ​စ္စ​ကို​ ​လက်​ခံ​ထား​ပြီး​ ​ရီ​ဘာ​ရီ​ အမှုအား​ ​တ​ရား​စွဲ​ဆို​ရန်​ ​သင့်​မ​သင့်​ ​ချိန်​ဆ​နေ​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​ ​ယ​ခု​အခါ​ ​ရဲ​တပ်​ဖွဲ့​သည့်​ ​က​ဖေး​ဇီ​မန်း​ရှိ​ ​အ​မျိုးသ​မီး​ (​၂၀)​ခန့်​ကို​လည်း​ ​စစ်​ဆေး ​မေး​မြန်း​မှုများ​ ​ပြု​လုပ်​နေ​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here