နှ​လုံး​ ခွဲ​စိတ်​မှု​ကို​ ​ရီ​မု​ကွန်​ထ​ရိုး​သုံး​ ​စက်​ရုပ်​ လက်​တံ​ဖြင့်​ ​ကု​သ​နိုင်​ခဲ့

alt

ဗြိ​တိန်​နိုင်ငံ​မှ​ ​လူ​နာ​တဦး​သည်​ ​နှ​လုံး​ခွဲ​စိတ်​မှု ​တ​ခု​လုံး​ကို​ ​ရီ​မု​ကွန်​ထ​ရိုး​ ​အ​သုံး​ပြု​သည့်​ ​စက်​ရုပ်​လက်​တံ​ဖြင့်​ ​ကု​သ​မှု​ ​ခံ​ယူ​နိုင်​ခဲ့​ကြောင်း​ ​သိ​ရ​သည်​။​ ​

မေ​လ​ဆန်း​က​ ​ကု​သ​မှု​ကို​ ​ခ​ံ​ယူ​ပြီး​ ​တ​စ​ထက်​တ​စ​ ​ကျန်း​မာ​လာ​သည့်​ ​အ​သက်(​၇၀)​​ အ​ရွယ်​ ​ကင်း​နက်​ခ​ရို​ကာ​သည်​ ​က​မ္ဘာ့​ပ​ထ​မ​ဆုံး​ ​စက်​ရုပ်​လက်​တံ​သုံး​ ​နှ​လုံး​ခွဲ​စိတ်​ခံ​ရ​သည့်​ ​လူ​နာ​အ​ဖြစ်​လည်း​ ​မှတ်​တမ်း​ဝင်​ခဲ့သည်​။​ ​နှ​လုံး​ခုန်​မ​မှန်​မှု​ ​အ​ခြေ​အ​နေ​ကို​ ​ကြံု​တွေ့​နေ​ရ​သည့်​ ​ကင်း​နက်​သည်​ ​ခွဲ​စိတ်​မှု​အ​တွက်​ ​အ​လုံး​စုံ​ ​အောင်​မြင်​ခဲ့​ကြောင်း​ ​လီ​ဆက်​စ​တာ​ရှိုင်း​ယား​ရှိ​ ​ဂ​လန်း​ဖီး​ ​ဆေး​ရုံ​မှ​ ​ဆ​ရာ​ဝန်​များ​က​ ​ပြော​ကြား​ခဲ့​သည်​။

​အ​ရှည် (​၃)​ပေ​ရှိ​သော​ ​စက်​ရုပ်​လက်​သည်​ ​သေးငယ်​ ပါး​လွှာ​သော​ ​ခွဲ​စိတ်​ အ​ထောက်​အ​ကူ​ပြု​ ​ပြွန်​ချောင်း​ကို​ ​ကင်း​နက်​၏​ ​ခ​န္ဓာ​ကိုယ်​ထဲ​ ​ထည့်​သွင်း​ကာ​ ​သွေး​ကြော​ကို​ ​ဖြတ်​ကျော်​ပြီး​ ​နှ​လုံး​မှ​ ​တစ်​သျှူး​မျှင်​များ​အား​ ​ခွဲ​စိတ်​ပြု​ပြင်​မှု​ကို​ ​ဆ​ရာ​ဝန်​များ​က​ ​ရီ​မု​ကွန်​ထ​ရိုး​ဖြင့်​ ​ဆောင်​ရွက်​ခဲ့​ခြင်း​ ဖြစ်​သည်​။​ ​ယင်း​ခွဲ​စိတ်​မှု​ကို​ ​သာ​မန်​ အ​နေ​အ​ထား​အ​တိုင်း​ ​ပြု​လုပ်​ပါ​က​ ​အ​လွန်​အ​ချိန်​ကြာ​မြင့်​တက်​ပြီး​ 250XRay​ ​ဓာတ်​ရောင်​ခြည်​အောက်​ ​ကာ​လ​ရှည်​ကြာ​စွာ​ ​ထား​ခြင်း​ဖြင့်​ ​ဘေး​ထွက်​ဆိုး​ကျိုး​များ​ ​ဖြစ်​လာ​နိုင်​သော​ကြောင့်​ ​ဆ​ရာ​ဝန်​များ​က​ ​စက်​ရု​ပ်​အ​သုံး​ပြု​ကာ​ ​ခွဲ​စိတ်​ရန်​ ​ဆုံး​ဖြတ်​လိုက်​ခြင်း​ ဖြစ်​သည်​။​

အ​ငြိမ်း​စား​ ​လုပ်​သား​တဦး​ ဖြစ်​သည့်​ ​ကင်း​နက်​က​ ​ယ​ခု​လို​ ​စက်​ရုပ်​အ​သုံး​ပြု​ ​ခွဲ​စိတ်​မှု ​ခံ​ရ​မည်​ကို​ ​ကြို​တင်​သိ​ခဲ့​ချိန်​က​ ​အ​လွန်​ စိတ်​လှူပ်​ရှား​ခဲ့​ကြောင်း​၊​ ​ယ​ခု​လို​ ​အောင်​မြင်​စွာ​ ​ခွဲ​စိတ်​နိုင်​ခဲ့​သည့်​အ​တွက်​ ​ပျော်​ရွှင်​ကြောင်း​ ​ပြော​ကြား​သွား​သည်​။​ ​ယင်း​ စက်​လက်​တံ​ကို​ ​အ​မေ​ရိ​ကန်​နိုင်ငံ​၊​ ​န​ယူး​ဂျာ​စီ​တွင်​ ​ပြု​လုပ်​ခဲ့​ပြီး​ ​ပေါင်​စ​တာ​လင်​ (​၃၅၀၀၀)​ ကျ​သင့်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here