​World​ Expo​ ​ကျင်း​ပ​ခွင့်​ရ​ခြင်း​က​ ​အို​လံ​ပစ်​ပွဲ​တော်​ ​ကျင်း​ပ​ရ​ခြင်း​ထက်​ ​တ​ရုတ်​အ​စိုး​ရ​ ​အ​ကျိုး​ဖြစ်​ထွန်း

alt

ရှန်ဟိုင်းကုန်စည်ပြပွဲ Shanghai Expo 2010​ သည် တရုတ်အစိုးရ အတွက် အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် ကျင်းပ ခွင့်ရခြင်း ထက်ပင် စီးပွားရေး အရ အကျိုးအမြတ် ဖြစ်ထွန်းစေလိမ့်မည်ဟု လေ့လာသူများက သုံးသပ် ခန့်မှန်း ခဲ့ကြသည်။

လွန်ခဲ့သည့် (၂)နှစ်က အိုလံပစ် ပွဲတော်ကို လက်ခံကျင်းပခွင့် ရခဲ့သည့် ဘေဂျင်းမြို့တော်ကို ကျော်လွန်ကာ ရှန်ဟိုင်းသည် တရုတ်၏ အချမ်းသာဆုံး မြို့ပင် ဖြစ်လာ နိုင်ကြောင်း သိရသည်။ တရုတ်အစိုးရသည် နိုင်ငံပေါင်း (၁၈၀)ကျော်နှင့် ကမ္ဘာအရပ်ရပ်မှ အဖွဲ့အစည်းပေါင်း (၅၀) ကျော် ပါ၀င်သည့် ယင်းကုန်စည် ပြပွဲကြီးအတွက် ဒေါ်လာ(၄၄)ဘီလျံ အကုန်အကျခံ ရင်းနှီး မြှုပ်နှံ ထားသည်။

တရုတ်သမ္မတ ဟူကျင်တောင် ကိုယ်တိုင် တက်ရောက်သည့် မေလ(၂)ရက်နေ့ ဖွင့်ပွဲသို့ မြောက်ကိုရီးယား ဒုတိယ အဓိပတိ ကင်ယွန်နမ်နှင့် ပြင်သစ်သမ္မတ နီကိုလက်ဆာကိုဇီတို့ကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များပါ ရောက်ရှိလာခဲ့သည်။ ဘေဂျင်းရှိ အတွေ့အကြံုရင့် စီးပွားရေး ပညာရှင် တစ်ဦးဖြစ်ပြီး APCO ပြည်သူ့ဝန်ဆောင်မှူ ကုမ္ပဏီတွင် စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူထားသည့် ဂျိမ်းမက်ဂရီဂေါ်က World Expoသည် တရုတ်အစိုးရအတွက် ကြီးကြီးမားမား အမြတ်ထွက်ဖွယ် ရှိနေကြောင်းဆိုသည်။ ပြီးခဲ့သည့် အိုလံပစ် ပွဲတော်ကို တစ်လကြာ ကျင်းပရာမှ ရရှိသည့် အမြတ်ငွေထက် World Expoကို (၆)လတိုင်တိုင် ကျင်းပခြင်းက ကြီးကြီးမားမား မြတ်စွန်းမည်ဟု ဂျိမ်းက ထောက်ပြခဲ့သည်။ World Expoသို့ (၆)လအတွင်း လာရောက်သူ သန်း(၇၀)ထိ ရှိလာမည်ဟု တရုတ်အစိုးရက ခန့်မှန်းထားသည်။

(၅)နှစ်တကြိမ် ကျင်းပသည့် အဆိုပါ ပြပွဲကြီးအတွက် ရှန်ဟိုင်းမြို့အား General Electornic၊ Coca Colaနှင့် Johnson & Johnsonတို့ကဲ့သို့သော ကုမ္ပဏီကြီးများကလည်း Sponsorပေးထားသည်။ ရှန်ဟိုင်းသည် World Expoမှ အသားတင် အမြတ်ငွေ ဒေါ်လာ (၁၁.၆)ဘီလျံမျှ ရရှိဖွယ်ရှိပြီး ယင်းသည် ဘေဂျင်းအိုလံပစ်တွင် ရရှိခဲ့သည့် အမြတ်ငွေ၏ (၃)ဆနှင့် ညီမျှကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here