န​ယူး​ယောက်​မြို့​တော်​ ​ကား​ဗုံး​ထောင်​မ​ှု​ ​တာ​လီ​ဘန်​တို့​လက်​ချက်​ဖြစ်

alt

အမေရိကန်နိုင်ငံ၊ နယူးယောက် မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ကား ဗုံးဖောက် ခွဲရန် ကြိုးစားမှူမျိုး ဆက်လက် ပြုလုပ်သွားမည်ဟု ပါကစ္စတန် အခြေစိုက် တာလီဘန် အဖွဲ့များက ခြိမ်းခြောက် လိုက်သည်။

မေလ(၂)ရက်နေ့က နယူးယောက်ရှိ လူစည်ကားရာ တိုင်းစကွဲအနီး Nissa​n ကား တစ်စင်း အတွင်း ဗုံးထောင်ထား သော်လည်း ကြိုတင် ဖော်ထုတ် နိုင်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ယင်းဗုံးကို ဖယ်ရှား လိုက်နိုင်သည်။ နယူးယောက် မြို့တော် တစ်ခုလုံး အုတ်အော် သောင်းနင်းဖြစ်ကာ ခြောက်ခြား သွားစေသော အဆိုပါ ကိစ္စသည် မအောင်မြင်ခဲ့သော်လည်း မိမိတို့ ဆက်လက် အကောင်အထည် ဖော်သွားမည်ဟု မွတ်ဆလင် ဘာသာရေး ဝက်ဆိုက်တစ်ခုတွင် Upload​ တင်ထားသော ဗီဒီယို တစ်ခုတွင် တာလီဘန်တို့က ပြောကြား ထားခဲ့သည်။ အမေရိကန် အစိုးရကမူ ယင်းဗီဒီယိုကို တာလီဘန်များ လွှင့်တင်ထားသည်ဆိုသော အချက်အား အတည်မပြုနိုင်သေးဟု ပြောဆို ထားသည်။ ဗီဒီယိုအတွင်းတွင် အကြမ်းဖက်သမားများက အမေရိကန် လက်ချက်ကြောင့် သေဆုံးခဲ့သည့် တာလီဘန်နှင့် အယ်ကိုင်းဒါး ခေါင်းဆောင်များအတွက် ရည်စူးကာ လက်စား ချေသွားမည်ဟု ခြိမ်းခြောက် ထားသည်။ နယူးယောက်ရှိ ရဲတပ်ဖွဲ့ကမူ လုံခြုံရေး ကင်မရာများအတွင်း ရိုက်ကူးရမိထားသည့် ဗုံးထောင်ထားသည့် ကားအနီး နောက်ဆုံးတွေ့လိုက်ရသူအား ခြေရာခံ ရှာဖွေနေဆဲဖြစ်သည်။ ယင်းကားတွင် ဗုံးထောင်ထားကြောင်း မသင်္ကာဖွယ်ရာ အခြေအနေများ တွေ့ရှိရပြီးနောက် နယူးယောက် ရဲတပ်ဖွဲ့က ဗုံးရှင်းစက်ရုပ်များ အသုံးပြုပြီး ယင်းဗုံးကို ဖယ်ရှား ခဲ့ရခြင်း ဖြစ်သည်။

ဧပြီလ (၃)ရက်နေ့က တာလီဘန်တို့၏ ဗီဒီယိုကို အင်တာနက်တွင် လွှင့်တင်ခဲ့သည့်နည်းတူ သေဆုံးပြီဟု မှတ်ယူထားသော တာလီဘန်ခေါင်းဆောင် ဟာကီမူလာ မာဆက်၏ (၂)မိနစ်ကြာ မှတ်တမ်းဗီဒီယို တစ်ခုလည်း အင်တာနက်တွင် Uploadတင်ထားပြီး အမေရိကန်တို့ကို လက်စားချေမည်ဟု ကြိးမ်ဝါးထားသည်။ မာဆက်သည် ဇန်နဝါရီလက အမေရိကန် မောင်းသူမဲ့ လေယာဥ်တစ်စင်းက ပစ်ခတ်ခဲ့သည့် ဒုံးကျည်ထိမှန်ကာ သေဆုံးသွားပြီဟု ယူဆရထားခဲ့သော်လည်း ဗီဒီယို မှတ်တမ်းအရ အမေရိကန် မြေပုံရှေ့တွင် ရပ်နေသော မာဆက်၏ ပုံရိပ်ကို ယခုနှစ် ဧပြီလကမှ ရိုက်ယူထားခြင်းဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here