မိုက်​ကယ်​ ဂျက်​ဆင်​နှင့်​ ​တိတ်​တိတ်​ပုန်း​ ချစ်​သူ​ဖြစ်​ခဲ့​ဟု​ ​အ​ရေ​ပြား​ ဆ​ရာဝန်​ ​​ပြော​ကြား

alt

မိုက်ကယ် ဂျက်ဆင်၏ အရေပြား ဆရာဝန် က ၎င်းသည် Pop ဂီတ ဘုရင်ကြီး မကွယ်လွန်မီက တိတ်တိတ် ပုန်း ချစ်သူ ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ယခင် ကတည်း ကလည်း Gay တဦး ဖြစ်နိုင်ကြောင်း သတင်း ထွက်နေသည့် ကွယ်လွန် သွားရှာပြီ ဖြစ်သော ဂျက်ဆင်နှင့် ၎င်းတို့သည် ပထမဆုံး တွေ့ကတည်းက ဇာတ်လမ်း စခဲ့ကြောင်း ယင်း၏ အရေပြား ဆရာဝန် ဂျေဆန်ပီဖစ်ဖာက Extra နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြား သွားသည်။ ထို့အပြင် ဂျက်ဆင်က ၎င်းအား အလွန်ကောင်းမွန်သော အဖော်တဦး အဖြစ် ရှူမြင် ထားကြောင်းလည်း ပီဖစ်ဖာ က ဆိုသည်။

၎င်းက ဂျက်ဆင်နှင့် ပုဂ္ဂိုလ်ရေး လိင်မှု ဇာတ်လမ်းသည် ပြီးခဲ့သည့်နှစ်၊ ဇွန်လ (၂၅)ရက်နေ့ ဂျက်ဆင် မကွယ်လွန်မီ တနှစ်မျှ ကတည်းက စတင်ခဲ့ကြောင်း ဝန်ခံ ပြောကြားထားသည်။ မိမိတို့နှစ်ဦး၏ လျှို့ဝှက်သော အချစ်ရေးအတွက် ထိုစဥ်က စိတ်အားငယ်ခဲ့ပြီး အပြန်အလှန် နှစ်သိမ့် အားပေးခဲ့ကြကြောင်းလည်း ပီဖစ်ဖာက ထုတ်ဖော် ပြောကြားခဲ့သည်။

ဂျက်ဆင်၏ ယခင်အရေပြား ဆရာဝန်ဖြစ်သူ ဒေါက်တာ အာနိုးကလိန်း ကလည်း ပီဖစ်ဖာနှင့် ဂျက်ဆင်တို့ကို အဝတ်မပါဘဲ မြင်တွေ့ခဲ့ဖူးကြောင်း ထောက်ခံခဲ့သည်။ ဒေါက်တာ ကလိန်းက ယင်းတို့ နှစ်ဦးသည် အမှန်ပင် နှစ်နှစ်ကာကာ ရှိနေသည်ဟု မိမိထင်ကြောင်း၊ ထိုစဥ်က ဂျက်ဆင် တို့ နှစ်ဦးအတွက် ကြည်နူးခဲ့ရကြောင်း ထုတ်ဖော် ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here