လီ​ဗား​ပူး​ အသင်း​ခေါင်း​ဆောင်​ ဂျာ​ရတ်​၏ ​အ​မှား​ကို​ ဖာ​ဂူ​ဆန်​ ပေါက်​ကွဲ​နေ

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအလက် ဖာဂူဆန်က ပြီးခဲ့သည့် ပရီးမီးယား လိဂ် ပွဲစဥ်အတွင်း လီဗာပူး အသင်း ခေါင်းဆောင် စတီဖင် ဂျာရတ် ၏ အမှားမှာ စိတ်ပျက်စရာ ကောင်း ကြောင်း ဝေဖန်ခဲ့သည်။

မေလ (၂)ရက် နေ့က လီဗာပူးသည် ချဲလ်ဆီးအား အိမ်ကွင်းတွင် (၂-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ ထိုပွဲစဥ် အတွင်း ချဲလ်ဆီးအတွက် အဖွင့်ဂိုးကို ဂျာရတ် နောက်ပြန်ပေးသည့် ဘောလုံးအား ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီရာဒရော့ဘာ က ကြားဖြတ်လုယူ ကန်သွင်း သွားခြင်းဖြစ်သည်။ ထိုပွဲတွင် အနိုင် ရရှိခြင်းကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ပြီးဆုံးရန် (၁)ပွဲသာ လိုတော့သည့် အချိန်တွင် ချဲလ်ဆီးသည် မဟာပြိုင်ဖက် ယူနိုက်တက် ထက် (၁)မှတ် အသာရကာ ဗိုလ်စွဲရန် သေချာသလောက် ဖြစ်လာခဲ့သည်။ ဖာဂူဆန်က ဂျာရတ် ကဲ့သို့သော ကစားသမား မျိုးသည် ထိုအမှားကို ကျူးလွန်မိသည့် အတွက် နားမလည်နိုင်အောင် ဖြစ်မိကြောင်း၊ ထိုလက်ဆောင် ဂိုးကြောင့် ချဲလ်ဆီး၏ ဖလားရရေး လမ်းကြောင်းပွင့်သွား သည်ကို လက်မခံချင်ဘဲ လက်ခံ ရတော့မည် ဖြစ်ကြောင်း ငြီးငြူခဲ့သည်။

ယူနိုက်တက်နှင့် လီဗာပူးတို့သည် အစဥ်အလာ အရ အင်္ဂလန်တွင် အအောင်မြင်ဆုံး ကလပ်များ ဖြစ်ပြီး အမှတ်ပေး ဇယားကို (၁၈)ကြိမ်စီ ရယူ ထားနိုင်ခဲ့သည်။ ယခုနှစ်တွင် ယူနိုက်တက် ဗိုလ်စွဲပါက လီဗာပူးကို ကျော်ကာ အင်္ဂလန်၏ အအောင်မြင်ဆုံး ကလပ်အသင်း အဖြစ် ရပ်တည်ခွင့် ရမည်ဖြစ်သည်။ The Sun သတင်းစာနှင့် အင်တာဗျူးတွင် ဖာဂူဆန်က ပွဲအပြီးတွင် ထိုဂိုးအား အထပ်ထပ် ပြန်ကြည့်မိကြောင်း၊ လီဗာပူးသည် ချဲလ်ဆီးအတွက် အလွန်လှပသည့် လက်ဆောင်ကို ပေးလိုက်ခြင်း ဖြစ်ကြောင်း စကော့သား နည်းပြကြီး ဖာဂူဆန်က ခပ်ထေ့ထေ့ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here