အ​ပူ​အ​စပ်​ များ​များ​ စား​ခြင်း​က ​ကိုယ်​အ​လေး​ချိန်​ ​လျှော့​ချ​ရာ​တွင်​ ​အ​ထောက်​အ​ကူ​ပြု

alt

ငရုတ်သီး ကဲ့သို့ အပူအစပ် များများ စားခြင်းသည် ကိုယ် အလေးချိန် လျှော့ချရာတွင် အထောက်အကူ ဖြစ်စေ လိမ့်မည်ဟု ပညာရှင်များက ပြောကြား လိုက်သည်။

သုတေသီများ၏ အဆိုအရ အပူဓာတ် လွန်ကဲသော အစားအသောက် များတွင် ပါဝင်သည့် ဓာတ်ပစ္စည်း များက အဆီလွှာများကို ဖြိုခွဲပေးနိုင်ပြီး ခန္ဓာကိုယ်၏ ဇီဝလှူပ်ရှားမှူများကို လှူံ့ဆော်ပေးကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပညာရှင် များက ငရုတ်သီး၏ ကျန်းမာရေးအပေါ် အထောက်အကူ ပြုနိုင်မည့် အာနိသင်များကို အသေးစိတ် လေ့လာမှူများ ပြုလုပ်ခဲ့ပြီး လူပေါင်း (၃၄)ဦးနှင့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။

အဆီကို ချေဖျက်ပေးနိုင်သည့် ကျန်းမာရေးအကျိုးပြု ဓာတ်ပေါင်း တမျိုးဖြစ်သည့် Capsaicin​ သည် ငရုတ်သီးတွင် အခြားသော သီးနှံများထက် (၂)ဆပိုပါပြီး အဆီချေဖျက်မှူကို အမြင့်မားဆုံး စွမ်းဆောင်နိုင်သည်။ သုတေသီများက ငရုတ်သီးကို မပူမစပ်အောင် ပြောင်းလဲထားသည့် ဆေးလုံးများ အတွင်း အဆီချဆေး အဖြစ် တွင်တွင်ကျယ်ကျယ် စမ်းသပ်သွားရန် ကြံစည်လျက် ရှိနေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here