iPad​ 3G​ ​စ​တင်​ ရောင်း​ချ​သည့်​ နေ့​တွင်​ပင်​ ​အ​လုံး​ရေ​ ၃​သိန်း​မျှ​ ​ရောင်း​ချ​ခဲ့​ရ

alt

မေလ (၂)ရက် နေ့က စတင် ရောင်းချ သည့် Apple၏ 3G စံနစ် ပါဝင်သော iPad​ ကွန်ပျူတာ အသစ်သည် စတင် ရောင်းချသည့် အဖွင့်နေ့ တွင်ပင် အလုံးရေ (၃)သိန်းမျှ ရောင်းချခဲ့ရ သည်ဟု Apple က ခန့်မှန်းဖော်ပြ ခဲ့သည်။

Appleသည် ဧပြီလ အစောပိုင်းက 3G ကွန်ရက် မပါသော Touchscreen​ နည်းပညာသုံး Tablet ကွန်ပျူတာ iPad ၏ ပထမ Version ကို ထုတ်ဝေခဲ့သေးသည်။ Apple က 3G အသုံးပြု iPad များ ထုတ်ဝေ လိုက်သည့်တိုင် ယခင်က ရောင်းချထားသော WiFi သုံး iPad များ၏ ရောင်းအားကို ဆိုးဆိုးရွားရွား ထိခိုက်မည် မဟုတ်ဟု ယုံကြည်ထားသည်။ Apple သည် ပထမ (၃)လအတွင်း iPad လုံးရေ (၁.၃)သန်း ရောင်းချပြီး (၆၀)ရာခိုင်နှူန်းမှာ WiFi သီးသန့် iPad များဖြစ်ပြီး (၄၀)ရာခိုင်နှူန်းမှာ 3G ကွန်ရက်ပါ ဖမ်းယူနိုင်သည့် iPad များ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားသည်။

WiFi သီးသန့်သာ အသုံးပြုနိုင်သည့် iPad များအား စတင် ရောင်းချစဥ် ကလည်း ခန့်မှန်း ပမာဏထက် ကျော်လွန်ကာ အလုံးရေ (၆)သိန်းမှ (၇)သိန်းထိ ရောင်းချနိုင်ခဲ့သည်။ Apple သည် 3G ပါ အသုံးပြုနိုင်သည့် iPad များကို WiFi သီးသန့်ထက် ဒေါ်လာ(၁၃၀) ဈေးနှုန်း တိုးမြှင့်ကာ 16GB အတွက် (၆၂၉) ဒေါ်လာ၊ 32GB အတွက် (၇၂၉)ဒေါ်လာနှင့် 64GB အတွက် (၈၂၉)ဒေါ်လာ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here