​၂​နှစ်​ပြည့်​ နာ​ဂစ်​ ​အ​သက်​မ​သေ​ ကျန်​ရစ်​သူ​ တစ်ဦး​၏​ ​အ​တွေ့​အ​ကြံု

alt

သူ​မ​ အ​နေ​နှင့်​ ​လွန်​ခဲ့​သော​ (​၂)​နှစ်​က​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ကြောက်​စ​ရာ​ ​ဖြစ်​ရပ်​ဆိုးကြီး​၏​ ​ခြောက်​လှန့်​မ​ှုကို​ ​မ​မေ့​နိုင်​သေး​ကြောင်း​ ​​ဒေါ်​စန်း​တင်​ က​ ဆို​သည်​။​ ​

​သူ​မ​သည်​ (​၂၀၀၈)​ခု​နှစ်​၊​ ​မေ​လ(​၂)​ရက်​နေ့​ ​မြန်​မာ​နိုင်ငံ​ ​သ​မိုင်း​တ​လျှောက်​ ​အ​ဆိုး​ရွား​ဆုံး​ အ​ဖြစ်​ စံချိန်​တင်​ခဲ့​သော​ ​သ​ဘာ​ဝ​ ​ဘေး​ဆိုး​ကြီး​ ဖြစ်​သည့်​ ​နာ​ဂစ်​ ဆိုင်​က​လုန်း​ ​မုန်​တိုင်း​ ဒဏ်​ကို​ ​ခါး​စည်း​ခံ​ကာ​ ​ကံ​ကောင်း​ ထောက်​မ​စွာ​ဖြင့်​ ​အ​သက်​ရှင်​ခွင့်​ ​ရ​ခဲ့​သူ​ဖြစ်​သည်​။

​နာ​ဂစ်​သည်​ ​လူ​ပေါင်း (​၁၃၈၀၀၀)​ကျော်​ကို​ ​သေ​ကြေ​ ပျက်​စီး​စေ​ခဲ့​ပြီး​ ​ယင်း​၏​ ဂ​ယက်​သည်​ ​စစ်​အ​စိုး​ရ​ ​အုပ်​ချုပ်​နေ​သည့်​ ​အ​ရှေ့​တောင်​အာ​ရှ​ ​နိုင်ငံ​တွင်​ ​ယ​ခု​တိုင်​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ထင်​ဟပ်​နေ​ဆဲ​ ဖြစ်​သည်​။​ ​အ​ထူး​သ​ဖြင့်​ ​နာ​ဂစ်​ဒဏ်​ကို​ ​အ​လူး​အ​လိ​မ့်​ ​ခံ​စား​ခဲ့​ရ​သည့်​ ဧ​ရာ​ဝ​တီ​ ​မြစ်​ဝ​ကျွန်း​ပေါ်​ ​ဒေ​သ​၏​ ​လမ်း​ပန်း​ခက်​ခဲ​ရာ​ ​ကျေး​ရွာ​များတွင်​ ​အ​စား​အ​စာ​နှင့်​ ​သောက်​သုံး​ရေ​ ​ရှား​ပါး​ ပြတ်​လပ်​မှု​၊​ ​ရော​ဂါ​ဘ​ယ​ ​ထူ​ပြော​မှု​များ​ကို​ ​ကြံု​တွေ့​နေ​ရ​ဆဲ​ ဖြစ်​သည်​။​ ​နာ​ဂစ်​ကို​ ​တွေ့​ကြံု​ပြီး​နောက်​ ​လေ​တိုက်​တိုင်း​၊​ ​မိုး​ရွာ​တိုင်း​ ​ကြောက်​နေ​မိ​သည်​ဟု​ ​အ​သက် (​၆၂)​နှစ်​ ​ရှိ​ပြီ​ဖြစ်​သည့်​ ​မု​ဆိုး​မ​ကြီး​ ​ဒေါ်​စန်း​တင်​က​ ​ပြော​ပြ​ခဲ့​သည်​။​

သို့​သော်​လည်း​ ​တစ်​ဖက်​မှ​ ကြည့်​ပါ​က​ ​မိုး​ရွာ​မည်​ကို​ ​တောင့်​တ​မိ​ကြောင်း​၊​ ​မ​ဟုတ်​ပါ​က​ ​သောက်​သုံး​ရေ​ အ​တွက်​ ​အ​လွန်​အ​ခက်​ ကြံု​ရ​ကြောင်း​ ​သူ​မ​က​ ​ညည်း​ညူကာ​ ​ရှင်း​ပြ​သွား​ခဲ့​သည်​။​ နာ​ဂစ်​ဆိုင်​ က​လုန်း​ကြီး​သည်​ ​တ​နာ​ရီ​ ​မိုင်(​၁၅၀)​ထိ​ ​အ​ရှိန်​နှူန်း​ဖြင့်​ ​မြန်​မာ​နိုင်ငံ​ ​အ​နောက်​တောင်​ပိုင်း​မှ​ တ​ဆင့်​ ​ကုန်း​တွင်း​ဝင်​ရောက်​ခဲ့​ပြီး​ ​ထောင်​ပေါင်း​ များ​စွာသော​ ​အိုး​အိမ်​၊​ ​စိုက်​ခင်း​များ​ကို​ ​ပျက်​စီး​စေ​ခဲ့​သည်​။​ ​မုန်​တိုင်း​ကြောင့်​ (​၁၃)​ပေ​ထိ​ ​အ​မြင့်​ရှိ​သော​ ​လှိုင်း​လုံး​ကြီး​များ​ ​ပေါ်​ပေါက်​ခဲ့​ကာ​ ​အ​ရာ​ရာ​ကို​ ​ဝါး​မြို​ပစ်​ခဲ့​ကြောင်း​ ​ဒေါ်​စန်း​တင်​က​ ​သူ​မ​၏​ ​အ​တွေ့​အ​ကြံု​ကို​ ​ပြော​ပြ​ခဲ့​သည်​။​

မြန်​မာ​ စစ်​အ​စိုး​ရ​သည်​ ​မုန်​တိုင်း​ဒဏ်​သင့်​ ​ပြည်​သူ​များ​အ​တွက်​ ​အ​ထောက်​အ​ပံ့​များ​ ​မ​ပေး​ခဲ့​ရုံ​မျှ​မ​က​ ​နိုင်ငံ​တ​ကာ​ ​အ​ကူ​အ​ညီ​ များ​ကို​ပါ​ ​ပိတ်​ဆို့​မှု​များ​ ​ပြု​လုပ်​ခဲ့​ခြင်း​ကြောင့်​ ​လူ့​အ​ခွင့်​အ​ရေး​ ​အ​ဖွဲ့​များ​နှင့် ​က​မ္ဘာ့​နိုင်ငံ​ ​အ​သီး​သီး​က​ ​အ​ပြင်း​အ​ထန်​ ​ရှုတ်​ချ​မှုများ​ ​ပြု​လုပ်​ခဲ့​သည်​။​ ​ယ​ခု​အ​ခါ​ ​မုန်​တိုင်း​ဒဏ်​ခံ​ ​မြို့​ကြီး​များ​တွင်​ ​နာ​ဂစ်​၏​ ​အ​ရိပ်​အ​ငွေ့​ကို​ ​မေ့​လျော့​နေ​ကြ​ပြီ​ ​ဖြစ်​သည့်​တိုင်​ ​အ​ထောက်​အ​ပံ့​များ​ ​မ​ရ​ရှိ​ဘဲ​ ​အ​သက်​ရှင်​ ​ရပ်​တည်​ရေး​အ​တွက်​ ​ရုန်း​ကန်​နေ​ရ​သော​ ​ဒေါ်​စန်း​တင်​ ကဲ့​သို့​ ​မြန်​မာ​လူ​ထု​ ​အ​မြောက်​အ​မြား​ ​ကျန်​ရှိနေ​ဆဲ​ ဖြစ်​သည်​။​ ​သူ​မ​ တို့​အ​နေ​နှင့်​ ​မည်​သည့်​ ​အ​ကူ​အ​ညီ​ကို​မျှ​ ​မ​ရ​ရှိ​ခဲ့​ကြောင်း​၊​ ​ထို​အ​နေ​အ​ထား​ဖြင့်​ ယ​ခင်​ဘ​ဝ​မျိုး​ ​ပြန်​မ​ရ​နိုင်​တော့​ကြောင်း​ ​ဒေါ်​စန်း​တင်​ က​ ဆို​သည်​။​ ​

ကု​လ​သ​မ​ဂ္ဂ​၏​ ဧ​ပြီ​လ​ (​၃၀)​ရက်​နေ့​ ​ကြေ​ညာ​ချက်​အတွင်​ ​မြန်​မာ​နိုင်ငံ​တွင်​ ​နာ​ဂစ်​ဒဏ်​ခံ​ ​မိ​သား​စု​ ​တ​စ်သိန်း​မျှသည်​ ​နေ​စ​ရာ​မ​ရှိ​ဘဲ​ ​ဖြစ်​နေ​ဆဲ​ဟု​ ​ပါ​ရှိ​ပြီး​ လူ​ပေါင်း​ နှစ်​သိန်း ​နီး​ပါး​သည်​ ​သောက်​သုံး​ရေ​ ​ပြဿ​နာ​များ​ ​ရင်​ဆိုင်​နေ​ရ​ကြောင်း​ ​ဖော်​ပြ​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here