ကလေးကြိုက် အစားအသောက် များတွင် အရုပ်များ ထည့်သွင်းမှု ကယ်လီဖိုးနီးယားတွင် ပိတ်ပင်

alt

ကျန်းမာရေး အတွက် မသင့်တော် ဆိုသော ဆုံးဖြတ်ချက်ဖြင့် ကလေးကြိုက် အစားအသောက်များ အတွင်း ထည့်ပေး ထားသည့် အရုပ် ကလေးများကို

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တရားဝင် ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ထို့ကြောင့်လည်း ကလေးကြိုက် Fast food များတွင် အရုပ်များ ထည့်သွင်းပေးမှုကို ပထမဆုံး ပိတ်ပင် သည့် အမေရိကန်၏ ပထမဆုံး ပြည်နယ်အဖြစ် ကယ်လီဖိုးနီးယား က မှတ်တမ်းဝင် သွားသည်။ နိုင်ငံ နှင့်တဝှမ်း နှစ်ပေါင်း (၃၀)အတွင်း အဆိုးရွားဆုံး ကလေးငယ် များတွင် အဝ လွန်သူဦးရေ စံချိန်တင် ပမာဏထိ မြင့်တက် လာပြီးနောက် အာဏာပိုင် များက ယင်းကို တိုက်ဖျက်ရန် နည်းလမ်းရှာ ခဲ့ကြ သည်။

ကလေးငယ် များတွင် အဝ လွန်မှု တိုးပွားနေသလို အရွယ်ရောက်ပြီး အမေရိကန် သန်း(၁၉၀)ကျော် (သို့မဟုတ်) အရွယ်ရောက်သူ အရေအတွက်၏ (၃)ပုံ (၂)ပုံမှာ ရှိသင့်သည်ထက် အလေးချိန် ပိုများ နေသည်။ ယင်းသည် ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများနှင့် မက်လုံးများတွင် လာ ရောက် ဆက်နွယ်နေကြောင်း ပြည်သူ့ ကျန်းမာရေးဌာနမှ ကြီးကြပ်ရေး တာဝန်ခံ ကန်ရီဂါက ရှင်းပြ ခဲ့သည်။

Fast food များသည် ကိုယ်အလေးချိန် များပြား လာစေရန် အဓိက တွန်းအားပေးနေပြီး ယင်း တို့အား ကလေးများက ၀ယ်ယူစားသုံးမှု မြင့်တက်လာခြင်းမှာ မုန့်ထုပ်များတွင် ပါ၀င်နေသည့် အရုပ် များ၏ ဆွဲဆောင်မှုသည်လည်း ကြီးမားသော အခန်းကဏ္ဍမှာ ပါဝင်နေကြောင်း ဌာနမှ ဒေါက်တာ ဒန်ဒယ်ဂါဒို က ဆိုသည်။ အာဏာပိုင် များက အတည်ပြု လိုက်သည့် ယခု ပိတ်ပင်မှု အတွက် ကယ်လီဖိုးနီးယားရှိ ကလေးကြိုက် Fast food အစားအစာ ရောင်းချသူများ ပါဝင်ဖွဲ့စည်းထားသည့် ကယ်လီဖိုးနီးယား စားသောက်ဆိုင် အဖွဲ့ချုပ်က အပြင်းအထန် ကန့်ကွက်ထားသည်။ ပြည်သူ့ ဆက်ဆံရေးဌာနမှ ဒါရိုက်တာ ဒင်နီရယ်ကွန်းဝဲလ် က ခက်ခဲမှုများ ရှိနေသည့်တိုင် တိကျသော မူဝါဒများ ချမှတ် ဆောင်ရွက်ပြီး ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here