အမေရိကန်တွင် နေအိမ်ဟောင်း​ ဖျက်ဆီးသူများ အိမ်မှား​ ဖျက်ဆီး

alt

အမေရိကန်နိုင်ငံ၊ တက္ကဆက်ရှိ အိမ်ဟောင်းများ ဖောက်ခွဲသည့် အဖွဲ့တခုသည် နေအိမ်တလုံးအား မှားယွင်းဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အမျိုးသမီး တဦးသည် သူမ၏ နေအိမ် တခုလုံး၏ အစိတ်အပိုင်း အတော် များများသည် ဖောက်ခွဲ ဖျက်ဆီးရေး ဝန်ထမ်းများ လက်ချက်ကြောင့် လုံးဝ ပျက်စီးသွားကြောင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

ယခု သီတင်းပါတ် အတွင်း ဖြစ်ပွားခဲ့သည့် မှားယွင်းမှု အတွက် ဖရန်ဆစ်ဟိုးဝပ်က စိတ်ပျက်မိကြောင်း ပြောဆိုသွားသည်။ သူမ အနေနှင့် ပြောစရာ စကားပင် မရှိတော့ကြောင်း၊ ယင်းအိမ်တွင် ကာလရှည် ကြာစွာ နေထိုင်ခဲ့သည့် ဖရန်ဆစ်က ညည်းတွားခဲ့သည်။

အသက် (၆၉)နှစ် ရှိပြီဖြစ်သော အမျိုးသမီးကြီးသည် တက္ကဆက်ရှိ ဒန်တန် မှ ဖြိုချ ခံလိုက်ရသည့် အိမ်တွင် (၄၇)နှစ် ကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။ အဆိုပါ အိမ်မှာ ဧပြီလ (၂၁)ရက် နေ့က လုံးဝ ပြိုသွားပြီဟု သိရသည်။ အိမ်အားဖြိုချခဲ့သည့် အဖွဲ့ကမူ ယင်း ကိစ္စအတွက် တစုံတရာ မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here