ဝန်​ကြီး​ချုပ်​​ ကိုယ်​တိုင်​ချိုးဖေါက်​လိုက်သည့်​ ​ရွှေး​ကောက်​ပွဲ​ မှတ်​ပုံ​တင်​ခြင်း ဥ​ပ​ဒေ

alt

စစ်တပ်​ရာထူးမှ အ​ငြိမ်း​စား​ယူ​ပြီး ဝန်ကြီးချုပ် အ​ဖြစ်​ ​နိုင်ငံ​ တာဝန်​ကို​ ​ဆက်​လက်​ ထမ်း​ဆောင်​နေ​သည့်​ ဦးသိန်းစိန်နှင့် အပေါင်းပါ ၂၇ ဦးသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ခေါင်းဆောင်ပြီး ဧ​ပြီ​လ​ ​၂၉​ ရက် နေ့က မှတ်ပုံတင်ခွင့် လျှောက်ထား လိုက်သည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ချက် အရ သိရသည်။​

စစ်အစိုးရက ထူထောင်ထားသော လူမှုရေး အဖွဲ့ဖြစ်သော ပြည်ထောင်စု ကြံ့ခို်င်ရေးနှင့် ဖွ့ံဖြိုးရေး အဖွဲ့ ကာ​လ​က​ ဗဟို အလုပ် အမှုဆောင်များက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို​ ဆက်​လက်ဦး​ဆောင်​ ​သွား​မည်​ဟု​လည်း​ ​သ​တင်း​များ ​ထွက်​နေ​ သေး​သည်​။​

​ထိုအပြင်​ စစ် ရာထူးခန့်ချုပ် ရုံး၏ ၂၆-၄-၂၀၁၀ ရက်စွဲပါ စာအမှတ် ၂၀ ရာထူး​ (၆) ၂၀၁၀ အရ တပ်မတော် (ကြည်း)​ တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့် ပြုလိုက်​ သူ​များ​လည်း​ ယ​ခု​မှတ်​ပုံ​တင်​လိုက်​သည်​ ​၂၇​ ဦး​တွင်​ ​ပါ​ဝင်​ကြောင်း​ ​လူ​ထု​အ​သံ​မှ​ ​သိ​ရှိ​ရ​သည်​။​ စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့် ပြုလိုက်​ သူ​များ​မှာလည်း​ ​လက်​ရှိ​ ​စစ်​တပ်​ရာ​ထူး​များ​မှ​ ​အ​နား​ယူ​လိုက်​သော်​လည်း​ ​လက်​ရှိ​ ​ထမ်း​ဆောင်နေ​သည့်​ ဝန်​ကြီး​ဌာ​န​များ​တွင်​ ​အရပ်ဝတ်​ဖြင့်​ ​ဆက်​လက်​ ​တာဝန်​ထမ်း​ဆောင်​ နေ​ကြ​သူ​များ​လည်း​ဖြစ်​သည်​။​

စစ်​အ​စိုး​ရ​ ​ဖွဲ့​စည်း​ပေး​ထား​သည်​ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၂) အပိုဒ် ၄ (ဃ)​ ​အ​ရ​ ဦးသိန်းစိန်ခေါင်းဆောင်သော​ ​၂၇​ ဦး​ပါ​ ပြည်ခိုင်ဖြိုးပါတီ​ (​ကြံ့​ဖွံ့​ပါ​တီ)​ သည် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင်​ ပါ​ဝင်​သည့်​ နိုင်ငံ​ဝန်​ထမ်း​မ​ဟုတ်​ခြင်း​ဟု​သည့်​ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၂) အပိုဒ် ၄ (ဃ) ကို အတိအလင်း ချိုးဖောက်ထားသည့်​ အ​တွက်​ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကို​​ ​နိုင်ငံ​ရေး​ပါ​တီ​အ​ဖြစ်​ ​ရွေးကောက်ပွဲ ကော်မရှင်မှ အ​သိ​အ​မှတ်​ပြု​ လိမ့်မည်​​ မ​ဟုတ်​ကြောင်း​ ပြည်​တွင်း​မှ​ ​မြန်​မာ​ဘ​လော​ဂ္ဂါ​တဦး​က​ ​သုံး​သပ်​သည်​။​ ​အ​ကယ်​၍​ ​ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံ​ရေး​ပါ​တီ​အ​ဖြစ်​ ​အ​သိ​အ​မှတ်ပြု​ခဲ့​မည်​ဆို​ပါ​က​ ရွေးကောက်ပွဲကော်မရှင်သည်​ ​မိ​မိ​ထုတ်​ပြန်​ထား​သည့်​ ဥ​ပ​ဒေ​ကို​ ​မိ​မိ​ကိုယ်​တိုင်​ချိုး​ဖောက်​ရာ​ကြ​မည်​သာ​ဖြစ်​ကြောင်း​​၊​ ရွေးကောက်ပွဲကော်မရှင်​၏​ ရပ်​တည်​မှု​အ​ပေါ်​လည်း​မွေး​ခွန်း​များ​ ​တတ်​လာ​နိုင်​ကြောင်း ​ပြော​ဆို​ခဲ့​သည်​။​

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦး ဖြစ်သည့် ဦးဝင်းတင်က​ “စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျ ဆုတ်ခွာနေပြီလို့ တချို့ နိုင်ငံရေးသမားတွေက ထင်ကြတယ်၊ အခုတော့ စနစ်တကျ ဆုတ်ခွာတာ မဟုတ်ဘူး၊ စနစ်တကျကို ဆုပ်ကိုင်တာ ဖြစ်နေတယ်” ဟု​ ​သုံး​သပ်​ပြီး​၊​ စစ်အုပ်စုသည် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက် ရရှိရန် စီစဉ်ထားသည့် အပြင် စစ်ဗိုလ်ချုပ်တချို့ကိုလည်း အရပ်ဝတ်လဲစေပြီး ရွေးကောက်ပွဲတွင် ပါ၀င် ယှဉ်ပြိုင်ခြင်းဖြင့် အာဏာတည်မြဲစေရန် ပြင်ဆင်နေခြင်း ဖြစ်သည်ဟု မီ​ဒီ​ယာ​များ​သို့​ ​ဖွင့်​ဟ​ ​ပြော​ဆို​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here