မီ​ဒီ​ယာ​တ​ချို့​၏​ ရေး​သား​မူ​ ​အ​တွက်​ ဒု​တပ်ချုပ်​ကြီး​ ​ဒေါသ​​ ထွက်​

alt

စစ် ရာထူးခန့်ချုပ် ရုံး၏ ၂၆-၄-၂၀၁၀ ရက်စွဲပါ စာအမှတ် ၂၀ ရာထူး​ (၆) ၂၀၁၀ အရ တပ်မတော် (ကြည်း)​ တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့် ပြုလိုက်​သူ​​ ​၂၂​ ဦးတွင်​ ​မ​ပါ​ဝင်​သည့်​ ​စစ်​တပ်​အ​ရာရှိ​များ​၏​

နာ​မည်​များ​အား​ ​ရေး​သား​ရာ​တွင်​ ​ယ​ခင်သုံး​နေ​ကြ​ဖြစ်​သည့်​ ​စစ်​တပ်​​ ရာ​ထူး​ရာ​ခံ​များ​အား​ ​ဖေါ်​ပြ​ခြင်း​ ​မ​ရှိ​ဘဲ​ ဦး​ ​ဆိုသည့်​ ​အ​သုံး​အ​နု​နု်း​ကို​ ​ပြောင်း​လဲ​ ​သုံး​စွဲ​ထား​သည့်​​ အ​တွက်​ကြောင့်​ ​ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး​ ​ဒေါ​သ​ထွက်​နေ​သည်​ဟု​ ​နေ​ပြည်​တော်​​ ​စစ်​တပ်​ အ​သိုင်း​အဝန်း​မှ​ ​တ​ဆင့်​ သိ​ရှိ​ရ​သည်​။​

အငြိမ်းစား ယူခွင့် ပြုလိုက်​သူ​​ ​၂၂​ ဦးတွင်​ ​မ​ပါ​ဝင်​သည့်​ ​ဒုဝန်​ကြီး​များ​အ​ပါ​အ​ဝင်​ ​တ​ခြား​ ​စစ်​တပ်​အ​ရာ​ရှိ​များ​အား​ ​အ​ရပ်​ဘက်​ ​ပြောင်း​လဲ​သွား​မည်​ကို​ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး​ ​က​ ​သ​ဘော​ မ​တူ​သေး​ကြောင်း​​၊​ ​ထို့​အ​ပြင်​ ​ယ္ခု​ ​အ​ငြိမ်း​စား​ ယူ​သွား​သည့်​ ​၂၂​ ဦး​ ​စာ​ရင်း​များ ​အား​လည်း​ ​မည်​သည့်​ ဝန်​ကြီး​ဌာ​န​ကို​မှ​ ​တ​ရား​ဝင်​ ​အ​ကြောင်း​ကြား​ထား​ခြင်း​​၊​ ​ပေး​ပို့​ထား​ခြင်း​ မ​ရှိ​သေး​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။​ ယ္ခု​ကဲ့​သို့​ ​သုံး​စွဲ​ထား​သည့် ​ဌာ​န​ဆိုင်​ရာများ​၊​ ​သ​တင်း​စာ​တိုက်​များ​အား​လ​ည်း​ မင်းတို့က ငါတို့ကို ယူနီဖောင်းနဲ့ မမြင်ချင်တော့ဘူးလား​ ​စ​သည့်​ဖြစ်​ ​ဆူပူ​​ ကြိမ်း​မောင်း​လျက်​​၊ စစ်တပ်မှ အနားယူခိုင်းသည် စာရင်းတွင်လည်း ၎င်း၏ တပည့်ရင်း နာမည်များအား ထိန်ချန်​စေ​၍ စာထွက်မှုများအားလည်း ရပ်ဆိုင်ထားရန်​ ​ညွှန်​ကြား​ထား​ကြောင်း​ ​သိ​ရ​သည်​။​

ဌာနဆိုင်ရာ အကြီးအကဲများ​က​ ​သက်​ဆိုင်​ရာ​ ​စာ​တမ်း​များ​အ​တွက်​ ​လက်​မှတ်​ရေး​ထိုး​ရန်​ ​အ​ထက်​အ​ရာ​ရှိ​များ​အား​ ​တင်​ပြ​ရာ​မှ​ ​၎င်း​တို့​၏​ အ​မည်​များ​၊​ ​အ​ထက်​အ​ရာ​ရှိ​များ​၏​ အ​မည်​များ​တွင်​ ယ​ခင်သုံး​နေ​ကြ​ဖြစ်​သည့်​ ​စစ်​တပ်​​ ရာ​ထူး​ရာ​ခံ​များ​အား​ ​ဖေါ်​ပြ​ခြင်း​ ​မ​ရှိ​ဘဲ​ ဦး​ ​ဆို​တဲ့​ ​အ​သုံး​အ​နု​နု်း​ကို​ ​ပြောင်း​လဲ​ ​သုံး​စွဲ​ထား​သည့်​​ အ​တွက်​ကြောင့်​ ​ညွန်​ကြား​ရေး​မှူး​ချုပ်​​ အ​ပါ​အ​ဝင်​ ​အ​ရာ​ရှိ​​ တော်​တော်​များ​များ​လည်း​​ ​ခွင့်​ပြု​ချက်​မ​ရှိ​ဘဲ​ ​သုံး​စွဲ​သည့်​အ​တွက် ​ကြိမ်း​မောင်း​​ ခံ​ခဲ့​ရ​ခြင်း​​ ဖြစ်​သည်​။​

မကြာမီတွင် ဝန်ကြီးနှင့် စစ်ဘက်အရာရှိအချို့ နောက်ထပ် စစ်ဘက်ရာထူးများမှ အငြိမ်းစားယူဖွယ် ရှိနေသေးသည်ဟုလည်း ခန့်မှန်းထားကြရာ​ ​လယ်​ /​ ​ဆည်​ ဝန်​ကြီး​​ ​လက်​ရှိ​ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအ​သင်း​၏​​ ​အ​ထွေ​ထွေ​ အ​တွင်း​ရေး​မှူး​ ဗိုလ်ချုပ်​ဌေးဦး​ အား​ ​မ​ကြာ​မီ​ ​ဖွဲ​စည်း​မည့်​ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအ​သင်း​၏​ ​လူင​ယ​်များဖြင့်​ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအ​သင်း​မှ​ ​ခွဲ​ထွက်​ကာ​ လူငယ်​ရေး​ရာ​ပါ​တီ​ ​အ​ဖြစ်​ ဦး​ဆောင်​ရန်​ ​စောင့်​ကြည့်​နေ​ပြီး​၊​ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအ​သင်း​တွင်​ ​လူငယ်​​ရေး​ရာ​ ​ခေါင်း​ဆောင်​အ​ဖြစ်​ ဆက်​သွယ်​ရေးဝန်​ကြီး​ ဗိုလ်မှူးချုပ်သိန်းဇော် (​ငြိမ်း)​​ က​ ​တာဝန်​ယူ​ထား​ခဲ့​သည်​။​ လူငယ်​ရေး​ရာ​ပါ​တီ​ ​ပါ​တီ​၏​ ​ဒီ​ဇိုင်း​နှင့်​ ​အ​မှတ်​တံ​ဆိပ်​ ​အ​ရောင်​များ​မှာ​ ယ​ခင်​အ​တိုင်းဖြစ်​ပြီး​၊​ ဝတ်​စုံ​တွင်​ ​အ​ကျင်္ီ​နှင့်​ ​ပု​ဆိုး​​/ထ​မိန်​ အ​စား​ ဘောင်း​ဘီ​ ​အ​ဖြစ်​ အ​စား​ထိုး​သွား​မည်​သာ​ ​ဖြစ်​ကြောင်း​ လူ​ထု​အ​သံ​မှ​ သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here