ပါကစ္စတန် တာလီဘန် ခေါင်းဆောင် ဟာကီမူလာ မာဆက် မသေဆုံးဟု​ ဆို

alt

သေဆုံး သွားပြီဟု ယူဆထား​ ကြသည့် ပါကစ္စတန်​ နိုင်ငံ၊ တာလီဘန် တပ်ဖွဲ့​ များ၏ ခေါင်းဆောင်​ ဖြစ်သူ ဟာကီမူလာ မာဆက်သည် ယခု အချိန်ထိ

ကျန်းကျန်းမာမာ ရှိနေဆဲဟု ယူဆ​ ရကြောင်း ပါကစ္စတန် ထောက်လှမ်းရေး အေဂျင်စီမှ ထိပ်တန်း ပုဂ္ဂိုလ် တဦးက ဝန်ခံပြောကြား လိုက်သည်။

မာဆက်သည် ပါကစ္စတန် စစ်တပ်နှင့်အတူ​ အကြမ်းဖက်​ သမားများအား ပူးပေါင်းချေမှုန်း​ နေသည့် အမေရိကန် စစ်တပ်မှ မောင်းသူမဲ့ လေယာဉ်တစင်းက ပစ်ခတ်လိုက်သော ဒုံးကျည်​ ကြောင့် ဇန်နဝါရီလ အတွင်းက သေဆုံးသွားပြီဟု မူလက ယုံကြည်ထားခဲ့သည်။ သို့သော်လည်း ဧပြီလ (၃၀)ရက် နေ့တွင်မူ အမည်မဖော်လိုသူ ထောက်လှမ်းရေး အရာရှိတဦးက မာဆက်သည် တောင်ပိုင်း ဝါဇီရစ်စတန်တွင် သေဆုံးခဲ့သည် ဆိုသည်မှာ သတင်းမှားသာ ဖြစ်နိုင်ပြီး ၎င်း ယခု​ အချိန်ထိ ရှင်သန်နေသည်ကို ညွှန်ပြ သည့် သဲလွန်စများ ရရှိထားကြောင်း ထုတ်ဖော် ပြောကြား​ ခဲ့သည်။

မာဆက်သည် ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း အခြေအနေ ကောင်းမွန်နေသည်ဟု မိမိတို့ သတင်း ရထားကြောင်းလည်း ယင်း ထောက်လှမ်းရေး အရာရှိက ဆိုသည်။ သို့သော်လည်း မာဆက်၏ အမှန်တကယ် အခြေအနေကို သိရှိနိုင်ရန်မှာ ခက်ခဲနေဆဲ ဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေး တပ်ဖွဲ့ CIA ကလည်း ယင်းအား​ ခြေရာခံနေဆဲ​ ဖြစ်သည်။

CIA​ သည် ပါကစ္စတန်ရှိ တာလီဘန်တို့အား ချေမှုန်းရေး မောင်းသူမဲ့ UAV လေယာဉ်များအား ယခုနှစ်တွင် ပိုမိုသုံးစွဲ လာခဲ့သည်။ (၂၀၀၉)ခုနှစ် တနှစ်လုံးတွင် UAV ဖြင့် စစ်ဆင်ရေး (၄၉)ခုသာ​ ပြုလုပ်​ ခဲ့သော်လည်း ယခုနှစ်တွင် ပထမ(၄)လ မကုန်ဆုံးမီ အချိန်အတွင်း၌ပင် UAV ဖြင့် စစ်ဆင်ရေး (၃၈)ခုကို ဆင်နွှဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here