ပ​ရိ​သတ်​အ​ပေါ်​ လွှမ်း​မိုး​မှု အ​ရှိ​ဆုံး​ အ​နု​ပ​ညာ​ရှင်​ အ​ဖြစ်​ ​လေ​ဒီ​ဂါ​ဂါ​ အား​ ရွေး​ချယ်

alt

အ​မေ​ရိ​ကန်​နိုင်ငံ​တွင်​ ​ကောက်​ခံ​ထား​သည့်​ ​စစ်​တမ်း​ တ​ခု​က​ Pop​ ​အ​ဆို​တော်​ ​လေ​ဒီ​ဂါ​ဂါ​အား​ ​ပ​ရိ​သတ်​အ​ပေါ်​ ​လွှမ်း​မိုး​မှု​ ​အ​ရှိ​ဆုံး​ ​အ​နု​ပ​ညာ​ရှင်​အ​ဖြစ်​ ​ဖော်​ပြ​ နေ​ကြောင်း​ ​သိ​ရ​သည်​။​

အ​မေ​ရိ​ကန်​ Times​ ​မ​ဂ္ဂ​ဇင်း​ကြီး​က​ ​အ​သက်(​၂၄)​ နှစ်​အ​ရွယ်​ ​အ​ဆို​တော်​ မ​လေး​သည်​ အ​စီ​အ​စဥ်​မှူး​ ​အော်​ပ​ရာ​ ​၀င်း​ဖ​ရေး​နှင့်​ ​အော်​စ​ကာ​ဆု​ရှင်​ ​ဒါ​ရိုက်​တာ​ ​ကက်​သ​ရင်း​ ​ဘီ​ဂီ​လို​တို့ကို​ကျော်​ကာ​ (​၂၀၁၀)​ခု​နှစ်​အ​တွက်​ ​ပ​ရိ​သတ်​အာ​ရုံ​ကို​ ​အ​ဖမ်း​စား​နိုင်​ဆုံး​ ​အ​နု​ပ​ညာ​ရှင်​အ​ဖြစ်​ ​ရွေး​ချယ်​ခံ​ရ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​

Poker​ Face အယ်​ဘမ်​ဖြင့်​ ​နာမည်​ကြီး​လာ​သော​ ​ဂါ​ဂါ​သည်​ ဝတ်​စား​ ဆင်​ယင်​ပုံ​ ​ဆန်း​ပြား​မှူ​များ​နှင့်​ ​ထူး​ခြား​သော​ ​အ​ပြော​အ​ဆို​များ​ကြောင့်​ ​လူ​သိ​များ​ ​ထင်​ရှား​သည့်​ ​လူငယ်​ဂီ​တ​ ​ပ​ညာ​ရှင်​ ​တဦး​လည်း​ ဖြစ်​သည်​။​ Times ၏​ ​စာ​ရင်း​တွင်​ ​နံ​ပါတ် (​၂)​ ​ချိတ်​ခဲ့​သူ​မှာ​ ​ဟာ​သ​ဇာတ်​ဆောင်​ ​ကို​နန်​ အို​ဘ​ရိုင်​ယန်​ဖြစ်​ပြီး​ ​ပထ​မ​ဆုံး​ ​အ​မျိုး​သ​မီး​ ​အော်​စ​ကာ​ဆု​ရှင်​ ​ဒါ​ရိုက်​တာ​ဖြစ်​သည့်​ ​ဘီ​ဂီ​လို​က​ ​တ​တိ​ယရ​ခဲ့​သည်​။​

Twilight​ စ​တား​ ​ရုပ်​ရှင်​မင်း​သား​ ​ရော​ဘတ်​ ပက်​တင်​ဆန်​မှာ​ ​နံ​ပါတ်(​၆)​မှ​ ​ရပ်​တည်​ခဲ့​ပြီး​ ​ဂ​ရမ်​မီ​ဆု​ပေး​ပွဲ​တွင်​ ​အ​ကြီး​အ​ကျယ်​ ​အောင်​ပွဲ​ခံ​ခဲ့​သည့်​ ​ဆယ်​ကျော်​သက်​ ​က​န်း​ထ​ရီး​ ​အ​ဆို​တော်​မ​လေး​ ​တေ​လာ​ဆွစ်​က​ ​န​ဝ​မ​ ချိတ်​နေခဲ့သည်​။​ ​ဆာ​ အယ်​တန်​ဂျွန်​နှင့်​ ​ဆိုင်​မွန်​ကော်​ဝဲ​တို့​မှာ​မူ​ ​ထိပ်​ဆုံး (​၁၀)ဦး​ ​စာ​ရင်း​တွင်​ ​မ​ပါ​၀င်​ ခဲ့​ကြောင်း​လည်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here