အချို​ရည်​ကြိုက်​သူ​များ​ ​အ​ရွယ်​ကျ​စေ​နိုင်​ဟု​ ​သု​တေ​သီ​များ​ ​သ​တိ​ပေး

alt

အ​မြုပ်​ပါ​သော​ ​အ​ချို​ရည်​ ပု​လင်း​များ​ကို​ ​မ​တန်​တ​ဆ​ ​သောက်​သုံး​ခြင်း​သည်​ ​အ​ရွယ်​ ကျ​စေ​ကြောင်း​ ​သု​တေ​သီ​များ​က​ ​သ​တိ​ပေး​ ​ပြော​ကြား​ လိုက်​သည်​။​

​ထို​အ​ချို​ရည်​များ​တွင်​ ​အ​များ​အား​ဖြင့်​ ​ပါ​၀င်​သော​ ​ဖော့​စ​ဖိတ်​ ဓာတ်​ဆား​သည်​ ​အ​သက်​အ​ရွယ်​ ​ကြီး​ရင့်​မ​​ှုကို​ ​လျင်​မြန်​ စေ​ကြောင်း​ ​ထောက်​ပြ​ ခဲ့​သည်​။​

ဟား​ဗက်​တ​က္က​သိုလ်​မှ​ ​ပ​ညာ​ရှင်​များ​သည်​ ​ယင်း​ဓာတ်​ဆား​ ​အ​မြောက်​အ​မြား​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​ရောက်​ရှိ​ခြင်း​က​ ​အ​ရွယ်​ကျ​မ​ှု​ကို​ ​လျင်​လျင်​မြန်​မြန်​ ​ဖြစ်​ပေါ်​စေ​ရန်​ ​တွန်း​အား​ပေး​လိမ့်​မည်​ဟု​ ​ပြော​ကြား​ခဲ့​သည်​။​ ​ဖော့​စ​ဖိတ်​ ​ပါ​၀င်​သော​ ​ဆို​ဒါ​နှင့်​ ​အ​ချို​ရည်​များ​ကို​ ​က​မ္ဘာ့​လူဦး​ရေ​ ​သန်း​ပေါင်း​များ​စွာ​က​ ​သောက်​သုံး​နေ​ပြီး​ ​ယင်း​ကို​ ​အ​လွန်​အ​ကျွံ​ ​ဖြစ်​စေ​ပါ​က​ ​အို​မင်း​ရင့်​ရော်​မှု​ကို​ ​ပို​မို​လျင်​မြန်​စေ​မည်​ဟု​ FASEB​ဆေး​ပ​ညာ​ ​ဂျာ​နယ်​တွင်​ ​ဖော်​ပြ​ခဲ့​သည်​။​

ဟား​ဗက်​မှ​ ​ဒေါက်​တာ​ရှော​ကက်​ ​ရက်​ဇာ​ကီ​က​ ​ဖော့​စ​ဖိတ်​၏​ ​အာ​နိ​သင်​ကို​ ​ကြွက်​များ​တွင်​ ​စမ်း​သပ်​ခဲ့​ပြီး​နောက်​ ​အို​မင်း​မ​ှု​ကို​ ​တွန်း​အား​ပေး​မှန်း​ ​ဖော်​ထုတ်​နိုင်​ခဲ့​ကြောင်း​ ​ရှင်း​ပြ​ခဲ့​သည်​။​

လူ​အ​များ​အ​နေ​နှင့်​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​ဖော့​စ​ဖိတ်​ ​ပ​မာ​ဏ​ကို​ ​လျှော့​ချ​ရန်​အ​တွက်​ ​ဆို​ဒါ​ပါ​သော​ ​အ​အေး​များ​ကို​ ​အ​လွန်​အ​ကျွံ​ ​သောက်​ခြင်း​အား​ ​ရှောင်​ကြဥ်​ပြီး​ ​ကျန်း​မာ​ရေး​နှင့်​ ​ညီ​ညွတ်​သော​ ​အ​စား​အ​စာ​များ​ကို​ ​စား​ပေး​ခြင်း​ဖြင့်​ ​သာ​မန်​ထက်​ ​အ​ရွယ်​တင်​နိုင်​မည်​ဖြစ်​ကြောင်း​လည်း​ ​ဒေါက်​တာ​ရက်​ဇာ​ကီ​က​ ​ထောက်​ပြ​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here