ကလေးများကို ရန်ပြု တိုက်ခိုက်ပြီး သတ်သေသွားသည့် တရုတ် လယ်သမား

alt

ဧပြီလ (၃၀)ရက်နေ့က တရုတ်နိုင်ငံတွင် လူတဦးက ကလေးများအား တူဖြင့် ထုခဲ့မှုကြောင့် ကလေး (၅)ဦး ဒဏ်ရာများ ရရှိသွားကြောင်း သိရှိရသည်။

ရှန်ဒေါင်းရှိ ကျောင်းတခုသို့ မော်တော်ဆိုင်ကယ် စီးကာ ဝင်ရောက်လာသည့် အဆိုပါ လယ်သမားသည် ကလေးများအား ရန်ပြုပြီးနောက် မိမိကိုယ်ကိုယ် မီးရှို့သတ်သေ သွားသည်။ ယင်းသည် ကျောင်းဂိတ်ကို ဆိုင်ကယ်ဖြင့် အတင်းဖြတ်ကျော် ဝင်ရောက်လာပြီး ကလေးများအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ရဲများက နောက်ပိုင်းတွင် ၀မ်ယွန်ဂလီဟု အတည်ပြု ဖော်ထုတ်နိုင်ခဲ့သည့် ယင်း အကြမ်းဖက်သမား သည် ကလေးများအား တူဖြင့် ထုနှက်ပြီးနောက် ကလေးနှစ်ဦးကို ၎င်း၏ ခန္ဓာကိုယ်ပေါ် အတင်းဆွဲ တင်ကာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီး မီးတင် ရှို့ခဲ့သည်။ သို့သော်လည်း ကျောင်းမှဆရာ ဆရာ များက အတင်းစွန့်စား ကယ်တင်မှုကြောင့် အကြမ်းဖက်သမား လက်မှ ကလေးနှစ်ဦး မီးလောင်မခံရဘဲ ဘေးလွတ်ရာသို့ ရောက်ရှိခဲ့သည်။

ယခုကိစ္စတွင် တိုက်ခိုက်ခဲ့သည့် အဆိုပါ လူရမ်းကား သေဆုံးသွားသော်လည်း ကလေးတဦးမျှ အသက်အန္တရာယ် စိုးရိမ် ရလောက်အောင် မရှိဟု တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းကိစ္စ မတိုင်မီ တရက်ကလည်း ဂျင်ဆူခရိုင်ရှိ ကျောင်းတကျောင်းကို အသက် (၄၇)နှစ်အရွယ် ဇူယူယွမ် အမည်ရှိ အလုပ်လက်မဲ့ လူရမ်းကား တဦးက ဓားတလက်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ကလေး(၂၉)ဦး၊ သင်ကြားရေး ဝန်ထမ်း နှစ်ဦးနှင့် လုံခြံုရေး အစောင့်တဦးတို့ ဒဏ်ရာများ ရရှိခဲ့သေးသည်။ ရှန်ဒေါင်းတွင် ဖြစ်ပွားခဲ့သည့် ယခု တိုက်ခိုက်မှုတွင် တရားခံ၏ အမည်မှလွဲပြီး အခြားအသေးစိတ် အချက်အလက် များကို ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here