Avatar​​ ဇာတ်​ကား ဒါ​ရိုက်​တာ​​ ဖြစ်​သူ​အား​ NASA​ ​အ​ဖွဲ့​က​ ​အ​ကူ​အ​ညီ​​ တောင်း

alt

Avatar​ ဇာတ်​ကား​မှ​ ​ဒါ​ ရိုက်​တာ​ဖြစ်​သူ​ ​ဂျိမ်း​ကင်​မ​ရွန်​အား​ ​မားစ်​ဂြိုဟ်​ လေ့​လာ​ရေး​ ​မျိုး​ဆက်​သစ်​ ​ယာဥ်​ပျံ​တွင်​ ​တပ်​ဆင်​မည့်​ 3D​​ ကင်​မ​ရာ​အား​

​တာဝန်​ယူ​ ​တပ်​ဆင်​ရာ​တွင်​ ​ပါ​ဝင်​ကူ​ညီ​ရန်​ ​အ​မေ​ရိ​ကန်​ ​အာ​ကာ​သ​ ​အေ​ဂျင်​စီ​ (NASA)​ က​ ​ပန်​ကြား​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

Curiosity​ ဟု​ ​အ​မည်​ ပေး​ထား​သည့်​ မားစ်​ဂြိုဟ်​ လေ့​လာ​ရေး​ ​မျိုး​ဆက်​သစ်​ ​ဂြိုဟ်​ဆင်း​ယာဥ်​​၏ ထိပ်​ပိုင်း​တွင်​ ​အ​ဆို​ပါ​ 3D​ ကင်​မ​ရာ​ကို​ ​တပ်​ဆင်​သွား​မည်​ ဖြစ်​သည်​။​ ​မူ​လ​က​ (​၂၀၀၇)​ခု​နှစ်​အ​ တွင်း​ တီ​ထွင်​ခဲ့​သည့်​ ​မားစ်​ဂြိုဟ်​ လေ့​လာ​ရေး​ ​ယာဥ်​ပျံ​တွင်​ 3D​ ကင်​မ​ရာ​ ​တပ်​ဆင်​ရန်​ ​ကြိုး​ပမ်း​ခဲ့​သေး​သော်​လည်း​ ​ငွေ​ကြေး​ အ​ကြပ်​အ​တည်း​ကြောင့်​ ​လက်​လျှော့​ ခဲ့​ရ​သည်​။​

​ကင်​မ​ရွန်​၏​ ​နောက်​ဆုံး​လက်​ရာ​ က​မ္ဘာ​ကျော်​ ဇာတ်​ကား​ Avatar တွင်​ ​အ​သုံး​ပြု​ခဲ့​သည့်​ 3D ​နည်း​ပ​ညာ​များ​ကြောင့်​ NASA​ မှ​ ​တာဝန်​ရှိ​သူ များ​က​ ကင်​မ​ရွန်​အား​ ​မှန်​ပြောင်း​အ​တွက်​ နည်း​ပ​ညာ​ဆိုင်​ရာ​ ​အ​ကြံ​ပြု​မ​ှု​များ​ ​တောင်း​ခံ​ခဲ့​ခြင်း​ ဖြစ်​သည်​။​ ​ယ​ခု​ မှန်​ပြောင်း​သစ်​အား​ ​ဆန်​ဒီ​ယေး​ဂိုး​ ရှိ​ Malin​ အာ​ကာ​သ​သိ​ပ္ပံ​ ​ဌာ​န​တွင်​ ​စ​တင်​ ဆောက်​လုပ်​နေ​ပြီ​ ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here