တရုတ် နိုင်ငံတွင် ဓားစွမ်းပြ တိုက်ခိုက်မှုကြောင့် လူ၃၁ဦး ဒဏ်ရာရ

alt

ဓားတလက်ကို ကိုင်ကာ ကျောင်းတခု အတွင်း ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် အနည်းဆုံး လူ(၃၁)ဦး ဒဏ်ရာရသွားသည့် မှုခင်းတခု တရုတ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည်။

ဧပြီလ (၂၉) ရက်နေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွား ခဲ့သော အဆိုပါ ကိစ္စသည် တလအတွင်း (၃)ကြိမ်မြောက် အလားတူ အကြမ်းဖက် မှုလည်း ဖြစ်လာသည်။

ကလေးငယ် (၂၈) ဦးနှင့် လူကြီးပိုင်း (၃) ဦးတို့ ထိခိုက်မိသည့် ယင်း တိုက်ခိုက်မှုမှာ တီယာဇင်း မြို့တွင် ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ အသက် (၄၇) နှစ်အရွယ် လူရမ်းကား၏ တိုကိခိုက်မှုကြောင့် ကလေးငယ် (၅)ဦးမှာ အရေးပေါ် အခြေအနေထိ စိုးရိမ်စရာ ဖြစ်နေကြောင်း ရဲများက ဆိုသည်။ အခြားသော အတည် မပြုနိုင်သည့် သတင်းများ အရ ကလေး(၄)ဦး သေဆုံးကြောင်းနှင့် ဓားထိုးခံရသည့် လူကြီးများမှာ ဆရာမနှစ်ဦးနှင့် လုံခြံုရေး အစောင့်တဦး တို့ဖြစ်ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦး ကမူ သေဆုံးမှု သတင်းမရကြောင်း ပြောကြား ခဲ့သည်။

သတင်း ၀က်ဆိုက်များက ကျောင်းရှေ့တွင် စိုးရိမ်တကြီး စုရုံးနေသည့် လူအုပ်ကြီး၏ ဓာတ်ပုံကို လွှင့်တင်ခဲ့သည်။ ရဲများက အမည်ဖော်ပြခြင်း မရှိသော အဆိုပါ ဓားကိုင်လူရမ်းကားအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပြီး ၎င်းသည် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေသူ တဦး ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရခဲ့သည့် ကလေး အများစုသည် (၄)နှစ်အောက် အရွယ်သာ ရှိသေးကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here