ကမ္ဘာ့ အမြင့်ဆုံး ထောင်ထိပ် ၁၄ခုကို တက်ရောက် နိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီး

alt

တောင်-ကိုရီးယား နိုင်ငံသူ အိုအွန်ဆန်း သည် ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ် (၁၄)ခုကို တက်နိုင်​ ခဲ့သည့် ပထမဆုံး အမျိုးသမီး ဖြစ်လာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သူမသည် အန်နာပူနာ တောင်ထိပ်သို့ တက်ရောက် နိုင်ခဲ့ပြီးနောက် ယခုလို မှတ်တမ်းတင် ဂုဏ်ပြုမှုကို ခံရခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရပိုင် KBS​ သတင်းဌာနက ဖော်ပြခဲ့သည်။ KBS က ဟိမဝန္တာ တောင်ခြေသို့ တောင်တက်ဝတ်စုံနှင့် ပြန်ဆင်း လာသည့် အသက်(၄၄)နှစ် အရွယ် အာဂ အမျိုးသမီး၏ ပုံကို ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

သူမသည် (၂၀၀၄)ခုနှစ် ကတည်းက ကမ္ဘာ့ အမြင့်ဆုံး တောင်ထိပ် ဖြစ်သည့် (၈၈၄၈) မီတာ အမြင့်ရှိသော ဧဝရက် တောင်ထိပ်ကို တက်နိုင် ခဲ့သည်။

ထိုစဉ်က သူမနှင့် အတူ တောင်တက် ခဲ့သည့် စပိန် တောင်တက်သမား အာဒူနီ ပါဆာဘန်​ က နောက်ပိုင်းတွင် အွန်ဆန်းသည် (၂၀၀၉) ခုနှစ်က တက်ခဲ့သည့် ကန်ချန်ဂျွန်ဂါ တောင်ထိပ်အထိ ရောက်အောင် မတက်နိုင်​ ခဲ့ကြောင်း စွပ်စွဲ ပြောဆိုခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here