အိန္ဒိယ သံအရာရှိ တဦးအား သူလျှိုမှုဖြင့် အိန္ဒိယ ဖမ်းဆီး

alt

သံရုံးအရာရှိ တဦးအား အိန္ဒိယက သူလျှိုမှုဖြင့် ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ သူမသည် အစ္စလာမ် မာဘတ် သံရုံးတွင် အလုပ် လုပ်နေသူဖြစ်ပြီး

ပါကစ္စတန် အတွက် သူလျှိုအဖြစ် ဆောင်ရွက် ပေးနေကြောင်း စွပ်စွဲကာ အိန္ဒိယက ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အသက်(၅၃)နှစ် ရှိပြီဖြစ်သော် မက်ဟူရီ ဂူပတား သည် သတင်း ပြန်ကြားရေး ဌာန၏ လက်ထောက် အတွင်းရေးမှူး တာဝန်ကို ရယူထားခြင်း ဖြစ်သည်။ ဂူပတား သည် အလုပ်ကိစ္စဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ သို့ ရောက်ရှိလာစဉ် အဖမ်းခံခဲ့ရခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယ၏ အိမ်နီးချင်း ပါကစ္စတန်က တစုံတရာ မှတ်ချက် မပေးသေးချေ။ အိန္ဒိယနှင့် ပါကစ္စတန် တို့သည် စစ်ပွဲ(၃)ကြိမ် ဖြစ်ပွားခဲ့ပြီး ခါးသီးသော အတိတ်သမိုင်း ရှိသည့် နိုင်ငံများ ဖြစ်ကြသည်။ ဘူတန်တွင် ယခု သီတင်းပါတ်အတွင်း ကျင်းပမည့် ဒေသဆိုင်ရာ အစည်းဝေးပွဲ တခုတွင် အိန္ဒိယ ဝန်ကြီးချုပ် မာမိုဟန်ဆင်း နှင့် ပါကစ္စတန် ဝန်ကြီးချုပ် ယူဆွတ် ရာဇာ ဂီလာနီ တို့ တွေ့ဆုံမည့် မတိုင်မီ ယခုကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အိန္ဒိယ အစိုးရက ဂူပတား သည် ဒေလီတွင် သူလျှိုလုပ်ငန်းများ ဆောင်ရွက် နေကြောင်း စစ်ဆေး တွေ့ရှိထားသည် အပြင်သူမအား စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ကြောင်း ကြေညာထားသည်။ သူမသည် သံရုံးတွင် အလုပ် လုပ်နေသည်မှာ (၃)နှစ် ရှိပြီဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here