ကွန်ပျူတာ​ ထုတ်လုပ်ရေး​ ​ လုပ်ငန်း HP​ က စမတ်ဖုန်း​ ထုတ်လုပ်ရေး Palm​ ကို ဝယ်ယူ

alt

ကမ္ဘာကျော် ကွန်ပျူတာ ထုတ်လုပ် ရေးလုပ်ငန်း စုကြီး Hewlett-Packard (HP)​ သည် စမတ်ဖုန်း ထုတ်လုပ်ရေး လုပ်ငန်းဖြစ်သော Palm အား​​ ဝယ်ယူလိုက်ပြီ ဖြစ်သည်။

ကမ္ဘာ့ ကွန်ပျူတာ ထုတ်လုပ်မှု အများဆုံး စာရင်းတွင် ထိပ်တန်းမှ ရပ်တည်နေသည့် HP က ဆီလီကွန် တောင်ကြား အခြေစိုက် Palm အား ဒေါ်လာ (၁.၂) ဘီလျံဖြင့် ဝယ်ယူရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း ဧပြီလ (၂၈) ရက်နေ့က သတင်းထုတ်ပြန် အတည်ပြုခဲ့သည်။ ကုမ္ပဏီ နှစ်ခုလုံး၏ သတင်း ထုတ်ပြန်ချက်များ အရ HP သည် Palm ၏ ရှယ်ယာ တခုအတွက် (၅.၇) ဒေါ်လာ ဈေးနှုန်း သတ်မှတ်ကာ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

(၁၉၉၂) ခုနှစ်က တည်ထောင်သည့် Palm သည် ကြိုးမဲ့ ကွန်ပျူတာနှင့် စမတ်ဖုန်း ဈေးကွက်တွင် ရှေ့ဆောင်လမ်းပြ ကုမ္ပဏီ တခုအဖြစ် နာမည်ကောင်း ရရှိထားပြီး ဖြစ်သည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း စမတ်ဖုန်း ဈေးကွက်တွင် နည်းပညာ ဘီလူးကြီးများ ဖြစ်သည့် Apple ကဲ့သို့ ကုမ္ပဏီများက အပြင်းအထန် ပြိုင်ဆိုင် လာခြင်းကြောင့် ရုန်းကန် နေခဲ့ရသည်။ ထို့ကြောင့်လည်း ကြိုးမဲ့စနစ်နှင့် စမတ်ဖုန်း ထုတ်လုပ်မှု ဈေးကွက်များတွင် ၎င်းတို့၏ မဟာဗျူဟာကို ပိုမို အားကောင်းအောင် တည်ဆောက်လိုသည့် HP က Palm အား သိမ်းသွင်းလိုက်ခြင်း ဖြစ်သည်။

HP ၏ အမှုဆောင် ဒုတိယဥက္ကဌ တဦးဖြစ်သည့် တော့ဘရက်ဒလေ က မိမိတို့သည် Palm ကိုသာမက Palm ၏ နာမည် ကျော်ထုတ်ကုန် web OS ကိုပါ ပိုင်ဆိုင်ခွင့် ရခဲ့ခြင်း အတွက် စိတ် လှုပ်ရှားမိကြောင်း ပြောကြားသွားသည်။

web OS သည် HP ၏ ထုတ်ကုန်များ အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာ စေလိမ့်မည်ဟုလည်း တော့က ဆိုသည်။ လေ့လာသူ များက HP ၏ ခြေလှမ်းသည် စမတ်ဖုန်း ဈေးကွက်ကို ခြယ်လှယ်ထားသည့် Blackberry ၏ Storm၊ Apple ၏ iPhone နှင့် Google ၏ Nexus One တို့အတွက် မျက်ခုံးလှုပ်စရာ ဖြစ်လာနိုင်ကြောင်း သုံးသပ် ထားကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here