FHM မဂ္ဂဇင်း၏ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး စာရင်းတွင် ချယ်ရီ ကိုးလ် ဦးဆောင်

alt

ဗြိတိသျှ အဆိုတော်မလေး ချယ်ရီ ကိုးလ် သည် နာမည်ကျော် အမျိုးသားကြိုက် မဂ္ဂဇင်းကြီး FHM မဂ္ဂဇင်း၏ ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည် နိုင်ခဲ့သည်။

Girls Aloud အဖွဲ့ဝင် အဆိုတော်မလေးသည် ယမန်နှစ် ကလည်း ထိုစာရင်းတွင် နံပါတ်(၁) ရရှိ ခဲ့ရာ ထိပ်ဆုံးတွင် (၂)နှစ်ဆက် နေရာ ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ဟောလီးဝုဒ် အလှရှင်များဖြစ်သည့် မီဂန်ဖော့စ်နှင့် ဂျက်ဆီကာ အယ်ဘာတို့မှာမူ အသက်(၂၆)နှစ် အရွယ် ချယ်ရီ၏ နောက်မှသာ ရပ်တည် နိုင်ခဲ့သည်။ X Factor အစီအစဉ်တွင် ဒိုင်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ချယ်ရီသည် အိမ်ထောင်ရေးတွင် ပြဿနာများ ကြံုနေ ရသော်လည်း အနုပညာ နယ်ပယ်တွင် တစထက် တစ အောင်မြင်မှုများ ကြီးကျယ်လာနေဆဲ ဖြစ်သည်။ အသက် (၂၃)နှစ်ရှိ Transformers မင်းသမီး ဖော့စ်မှာမူ (၂)နှစ် ဆက်တိုက် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။ တတိယ နေရာတွင်မူ Fantastic Four မင်းသမီး ဂျက်ဆီကာ က နေရာယူ နိုင်ခဲ့သည်။

Victoria’s Secret​ ၏ မော်ဒယ်ဖြစ်သူ မာရီဆာမီလာ က စတုတ္ထရခဲ့ပြီး အဆိုတော်သစ်လေး ဖရန်ကီဆန်းဖို့က ပဥ္စမ နေရာတွင် ရှိနေသည်။ FHM သည် ယခု စစ်တမ်းအတွက် ကမ္ဘာအရပ်ရပ်မှ စာဖတ်ပရိသတ် သန်းဂဏန်းထံမှ ဆန္ဒ သဘောထားကို ကောက်ယူ ပြုစုခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here