ဘာစီလိုနာအား ဖြတ်ကျော်ကာ ချန်ပီယံ လိဂ် ဖိုင်နယ်သို့ အင်တာ မီလန် တက်ရောက်

alt

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်တွင် အီတလီ ချန်ပီယံ အင်တာမီလန်သည် စပိန်မှ ယမန်နှစ် ဖလား(၃)လုံး ချန်ပီယံ ဘာစီလိုနာအား  ဖြတ်ကျော် ကာ ဖိုင်နယ်သို့ တက်ရောက် သွားပြီ ဖြစ်သည်။

ဧပြီလ (၂၈)ရက်နေ့ ညက အကြိတ်အနယ် ပွဲစဉ် တွင် ဘာစီလိုနာသည် အိမ်ကွင်းတွင် အင်တာအား နောက်ခံလူ ဂါရတ်ပီကေး၏ ဂိုးကြောင့် (၁-၀) ဖြင့် အနိုင်ယူခဲ့သော်လည်း နှစ်ပွဲပေါင်း ရလဒ်အရ ပထမ အကျော့ အီတလီမြေတွင် (၃-၁)ဖြင့် ရှုံးနိမ့် ထားသဖြင့် ယခု အဆင့်မှပင် လက်ရှိ ချန်ပီယံဘွဲ့ကို လက်လွှတ် ခဲ့ရသည်။

အင်တာ၏နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ညို၏ ခံစစ် နည်းဗျူဟာ ပိုင်နိုင်မှုကြောင့် ဘာစီလိုနာ သည် အနိုင်ဂိုးကို ပွဲချိန် (၈၆) မိနစ်ကျမှ သွင်းယူ နိုင်ခဲ့သည်။ မော်ရင်ညို၏ အသင်းသည် နည်းစနစ် အလွန် ပြည့်ဝသည့် ဘာစီလိုနာ အသင်းသား များ၏ ခြေထဲတွင် ဘောလုံးကြာကြာ မရှိစေရန် ခပ်ကြမ်းကြမ်း တားဆီးသည့် နည်းဗျုဟာကို ထုတ်သုံးသွားပြီး ထို့အတွက်လည်း ဘရာဇီး အလယ်တန်းလူ သီရာဂိုမောတားမှာ အနီကတ် ထိသွားခဲ့သည်။ ပွဲအပြီးတွင် ဘာစီလိုနာ နည်းပြ ပက်ဂွာဒီယိုလာက မော်ရင်ညို၏ အရည်အသွေးကို ချီးကျူးခဲ့ပြီး အင်တာသည် ဗိုလ်လုပွဲနှင့် ထိုက်တန်ကြောင်း ၀န်ခံခဲ့သည်။

(၁၉၇၂)ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လာသော အင်တာသည် မေလ (၂၂)ရက် နေ့တွင် သရဖူ လုပွဲအဖြစ် ဂျာမန်ထိပ်သီး ဘေယန်မြူးနစ်နှင့် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တော်ရှိ ဘာနေဗြူး ကွင်းကြီးအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here